လီဗာပူးတိုက်စစ်မှူး အိုရီဂီကို အသင်းရဲ့ သူရဲကောင်းတဦးအဖြစ် ပရိသတ်တွေက ချီးကျူးခဲ့ကြပါတယ်။
လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ စပါးအသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး လူစားဝင်တိုက်စစ်မှူး အိုရီဂီက အနိုင်သေချာစေမယ့် ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။
အဲဒီသွင်းဂိုးကြောင့် နောက်ပိုင်းပွဲချိန်တွေမှာ လီဗာပူးအသင်းက သက်တောင့်သက်သာနဲ့ ကစားပြီး ချန်ပီယံလိဂ်ဆုဖလားကို ၆ ကြိမ်မြောက် ရယူနိုင်ခဲ့တာပါ။
အိုရီဂီဟာ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်မှာလည်း အသင်းကို ဗိုလ်လုပွဲတက်စေမယ့် အနိုင်ဂိုးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ဆာလက်၊ မာနေးတို့လိုပဲ လူငယ်တိုက်စစ်မှူး အိုရီဂီကို အသင်းပရိသတ်တွေက သူရဲကောင်းတဦးအဖြစ် တွစ်တာကနေ ချီးကျူးခဲ့ကြပါတယ်။
ပရိသတ်တဦးက “ဒစ်ဗော့ခ် အိုရီဂီ သူ့ရဲ့ရုပ်တုထုဖို့ မာဆေးဆိုက်ကို ပြန်မလာဘူး ဆိုရင် ကျနော် အရမ်းစိတ်ပျက်မိမှာပါ။ သူဟာ တကယ်တော်တဲ့ ကစားသမားတဦးပါ” ဆိုပြီး ရေးသားခဲ့ပါတယ်။
နောက်တစ်ယောက်ကလည်း “တစုံတယောက်က အန်ဖီးလ်ကွင်း အပြင်ဘက်မှာ အိုရီဂီကို ရုပ်တု ထုလုပ်ချင်တာကို အလွန်အမင်း စိတ်ဝင်စားနေပါတယ်” လို့ ဆိုခဲ့ပါတယ်။
တခြားပရိသတ်တဦးကတော့ “အဆုံးအဖြတ်ဂိုးတွေကို အချိန်တိုင်းမှာ သွင်းဖို့က မလွယ်ကူပါဘူး။ လွယ်တယ်ဆိုရင် လူတိုင်းလုပ်နေကြမှာပဲ။ ဘုရင်ကြီး အိုရီဂီ" ဆိုပြီး ချီးကျူးခဲ့ပါတယ်။
2 years Ago