အိုဘားမား၏ ခွေးကို ပြန်ပေးဆွဲမည့်သူ ဖမ်းဆီးခံရ (ရုပ်သံ)

January 10, 2016

အိုဘားမား၏ ခွေးကို ပြန်ပေးဆွဲမည့်သူ ဖမ်းဆီးခံရ (ရုပ်သံ)

အမေရိကန်သမ္မတ အိုဘာမားရဲ့ အိမ်မွေးခွေးလေးတွေကို ပြန်ပေးဆွဲဖို့ ကြိုးစားတဲ့ လူတဦးကို အမေရိကန်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတယ်လို့ ၀ါရှင်တန်ပို့စ်သတင်းစာက ဇန်န၀ါရီ ၉ ရက်နေ့မှာ ဖော်ပြပါတယ်။ မြောက်ဒါကိုဒါပြည်နယ်က စတော့ စတော့ကဒ်ဆိုသူဖြစ်ပြီး သမ္မတမိသားစုခွေးလေးတွေဖြစ်တဲ့ ဘို ဒါမှမဟုတ် ဆန်နီကို ပြန်ပေးဆွဲဖို့ ဖြစ်တယ်လို့ အမေရိကန်ရဲတပ်ဖွဲ့ ပြောဆိုပါတယ်။ ၀ါရှင်တန်မြို့မှာ စကော့ရဲ့ ကားထဲမှာ ဓားတွေ၊ လက်နက်တွေကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိတာပါ။ စကော့ကို ဖမ်းဆီးတဲ့အချိန်မှာ ပေါက်ကရတွေပြောဆိုနေပြီး သူ သမ္မတရွေးကောက်ပွဲ ၀င်ပြိုင်မယ်။ သမ္မတ ဂျွန်အက်ဖ် ကနေဒီနဲ့ မင်းသမီး မယ်ရီရင် မွန်ရိုးတို့ရဲ့ သားဖြစ်တယ် စသဖြင့် ပြောဆိုနေခဲ့တယ်လို့ အမေရိကန်ထောက်လှမ်းရေးတွေကပြောဆိုပါတယ်။ သူ့ကို ၀ါရှင်တန်ဒီစီ သေနတ်ဥပဒေ ချိုးဖောက်မှုနဲ့ အရေးယူထားပါတယ်။ အမေရိကန်သမ္မတ မိသားစုက ဘိုဆိုတဲ့ ခွေးလေးကို ၂၀၀၉ ခုနှစ်က အိမ်ဖြူတော်မှာ စမွေးခဲ့ပြီး ဆန်နီဆိုတဲ့ခွေးလေးကိုတော့ ၂၀၁၃ ခုနှစ်မှာ ခေါ်မွေးခဲ့တာ။
7 years Ago
Up