ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးမှာ အမေရိကန် ဦးဆောင်မှု ကင်းမဲ့သွားတဲ့အတွက် စိတ်မကောင်းဖြစ်မိကြောင်း အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမားက ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာလ ၂ ရက်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာပြုလုပ်တဲ့ the Napoleons network event တခုမှာ အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမားက ပြောကြားခဲ့တာဖြစ်ပါတယ်။
“ပါရီသဘောတူညီချက်က ရာသီဥတုပြဿနာကို မဖြေရှင်းပေမယ့် ကျနော်တို့ကို မူဘောင်တခုပေးပါတယ်။ အဲဒီမူဘောင်ထဲမှာ နိုင်ငံတိုင်းနီးပါးက ဒါဟာ ပြဿနာတရပ်ဆိုတာကို သဘောတူပြီး ကမ္ဘာကြီးပူနွေးစေတဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှုတွေ လျှော့ချပေးတဲ့ အဆင့်တွေကို တိတိကျကျ သတ်မှတ်ပေးထားပါတယ်။ အခုချိန်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်အနေနဲ့ ခေါင်းဆောင်မှုပိုင်း ယာယီကင်းမဲ့နေတာကို ကျနော် ၀န်ခံပါတယ်။ တကယ်တမ်းက ကျနော်တို့ ရည်မှန်းချက်တွေ ပြည့်မီဖွယ်ရှိပါတယ်။ အကြောင်းကတော့ အဲဒါ့ကို ဒေသနဲ့ ပြည်နယ်အဆင့်တွေမှာ လုပ်ဆောင်နေကြပြီး သန့်ရှင်းစွမ်းအင် ရင်းနှီးမြှုပ်နှံခြင်းဟာ ကောင်းမွန်တဲ့ လုပ်ငန်းလုပ်ကိုင်ခြင်း အသိစိတ်ဆိုတာကို စီးပွားရေးလုပ်ငန်းတွေက အသိအမှတ်ပြုကြလို့ပဲဖြစ်ပါတယ်” လို့ သမ္မတဟောင်း အိုဘားမားက ပြောကြားခဲ့ပါတယ်။
သမ္မတဟောင်း အိုဘားမားဟာ ပါရီသဘောတူညီချက်ကနေ နုတ်ထွက်တဲ့ လက်ရှိ သမ္မတရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပြစ်တင်ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း အိုဘားမားဟာ သမ္မတထရမ့် အကြောင်းကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။
3 years Ago