၂၀၂၀ ပြည့်နှစ် မတ်လ မတိုင်မီအထိ ရေနံလျှော့ချထုတ်လုပ်ဖို့ အိုပက်နဲ့ ရုရှားဦးဆောင်တဲ့ မဟာမိတ်တွေက ဇူလိုင် ၂ ရက်နေ့မှာ သဘောတူခဲ့ပါတယ်။
ဒီလိုလုပ်တာဟာ ကမ္ဘာ့စီးပွားရေး ကျဆင်းနေပြီး အမေရိကန်နိုင်ငံ ထုတ်လုပ်မှု မြင့်တက်နေချိန်မှာ ရေနံစိမ်းဈေးနှုန်း မြင့်တက်အောင် ကြိုးပမ်းတာပါပဲ။ အမေရိကန် ယှဉ်ပြိုင်မှု မြင့်တက်နေချိန် ရေနံစိမ်း ဈေးနှုန်းကျဆင်းတာကို ကာကွယ်ဖို့အတွက် OPEC+ လို့ ထင်ရှားတဲ့ မဟာမိတ်အဖွဲ့ဟာ ၂၀၁၇ ခုနှစ်က စပြီး ရေနံလျှော့ချထုတ်လုပ်နေပါတယ်။
အခုဆိုရင် အမေရိကန်ဟာ ရုရှားနဲ့ ဆော်ဒီအာရေးဘီးယားကို ကျော်ပြီး ကမ္ဘာ့ထိပ်တန်း ရေနံထုတ်လုပ်သူ ဖြစ်လာပါပြီ။
အမေရိကန်အစိုးရက အိုပက်အဖွဲ့ဝင် ဗင်နီဇွဲလား နဲ့ အီရန်တို့အပေါ် အရေးယူဒဏ်ခတ်ခဲ့ပြီးနောက် ရေနံစိမ်းစံချိန်ဟာ ဒီနှစ်မှာ ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်သွားခဲ့ကာ အိုပက်ရဲ့ ရေနံတင်ပို့မှု လျော့ကျခဲ့ပါတယ်။
ဒါကြောင့် ဆော်ဒီရေနံဝန်ကြီး ခါလစ်အယ်ဖာလီက အိုပက်အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ အဖွဲ့ရဲ့ တာဝန်တွေကျေအောင် ရေနံလျော့ထုတ်ဖို့ ရာနှုန်းပြည့် သဘောတူခဲ့တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
2 years Ago