အိုင်းအက်စ် ခေါင်းဖြတ်သမား ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံး (ရုပ်သံ)

A d v e r t i s e m e n t With Us

November 14, 2015

အိုင်းအက်စ် ခေါင်းဖြတ်သမား ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံး (ရုပ်သံ)

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့က အိုင်အက်စ်အကြမ်းဖက်ခေါင်းဖြတ်သမားကို အမေရိကန်ဒရုန်းလေယာဉ်နဲ့ သွားရောက်ပစ်ခတ်မှုအတွင်း သေဆုံးသွားပြီဆိုတာ ယုံကြည်တယ်လို့ အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်က ပြောဆိုပါတယ်။ ဗိုလ်မှူးကြီးက ဆီးရီးယားနိုင်ငံအနီး ပစ်ခတ်မှုမှာ ပစ်မှတ်ကို အတိအကျ ထိမှန်ခဲ့ပြီး တရားဝင်ထုတ်ပြန်ဖို့ အချိန်ယူ ရနိုင်တယ်လို့ ဗိုလ်မှူးကြီးက ပြောဆိုပါတယ်။ ကူဝိတ်နိုင်ငံဖွား ဗြိတိန်နိုင်ငံသားဟာ အနောက်နိုင်ငံ ဓားစာခံတွေကို တယောက်ပြီးတယောက် ခေါင်းဖြတ်ပြခဲ့တာပါ။ ဗြိတိန်ဝန်ကြီးချုပ် ကင်မရွမ်းက သူ့ကို ပစ်မှတ်ထားတိုက်ခိုက်မှုဟာ လုပ်သင့်တဲ့လုပ်ရပ်လို့ ပြောဆိုပါတယ်။ ပစ်ထည့်လိုက်တဲ့ကားထဲမှာ သူ့အပြင် အခြားတယောက်လည်း ပါတယ်လို့ အမေရိကန်စစ်တပ်က ယုံကြည်နေပါတယ်။ အခုနှစ် မေလကစပြီး ၂ ရက်တိုင်းမှာ အိုင်အက်စ်အကြမ်းဖက်ခေါင်းဆောင်ပိုင်း ၁ ယောက် ပျမ်းမျှ သတ်ဖြတ်ခံနေရတယ်လို့ ဗိုလ်မှူးကြီး ၀ါရန်က ပြောဆိုပါတယ်။ သူဟာ အိုင်အက်စ်အကြမ်းဖက်ရဲ့ အဓိကကျတဲ့ခေါင်းဆောင်ပိုင်းက မဟုတ်ပေမယ့် အဖွဲ့အနေနဲ့တော့ ထိခိုက်မှုဖြစ်မယ်လို့ သတင်းတွေက ဆိုပါတယ်။
5 years Ago
Up