အိုင်အက်စ် နှိမ်နင်းရေး လေကြောင်းစစ်ဆင်မှု တူရကီပါဝင်ပြီ (ဓာတ်ပုံ)

August 30, 2015

အိုင်အက်စ် နှိမ်နင်းရေး လေကြောင်းစစ်ဆင်မှု တူရကီပါဝင်ပြီ (ရုပ်သံ)

အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကို အမေရိကန် ဦးဆောင်တဲ့ လေကြောင်းစစ်ဆင်ရေးမှာ တူရကီနိုင်ငံက ပထမဆုံးပါဝင်လာပြီလို့ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ် ၂၉ ရက်နေ့ကပြောဆိုပါတယ်။ သြဂုတ် ၂၈ ရက်နေ့ ညနေပိုင်းက ဆီးရီးယားနိုင်ငံထဲက အိုင်အက်စ်အကြမ်းဖက်ပစ်မှတ်တွေကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တူရကီနိုင်ငံခြားရေးက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လက ဆီးရီးယားနဲ့ နယ်စပ်မှာ လူ ၃၂ ဦးသေဆုံးခဲ့တဲ့ အိုင်အက်စ်အကြမ်းဖက်လို့ ယုံကြည်ရတဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အိုင်အက်စ်အကြမ်းဖက် စစ်ဆင်ရေးတွေမှာ တူရကီနိုင်ငံက ပိုပြီးတက်တက်ကြွကြွပါဝင်လာတာပါ။ အဲ့ဒီနောက်ပိုင်း ဆီးရီးယားနိုင်ငံနဲ့ အနီးဆုံး တူရကီလေတပ်အခြေစိုက်စခန်းကို အမေရိကန်လေကြောင်းစစ်ဆင်ရေးမှာ အသုံးပြုခွင့်ပေးခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေကို တိုက်ခိုက်ချေမှုန်းရေးဟာ တူရကီနိုင်ငံရဲ့ ထိပ်တန်းဦးစားပေးလုပ်ငန်းစဉ်ဖြစ်တယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးဌာန ကြေညာချက်က ဆိုပါတယ်။ ဇူလိုင် ၂၄ ရက်နေ့မှာ တူရကီလေတပ်က ဆီးရီးယားနိုင်ငံထဲရှိ အိုင်အက်စ်အကြမ်းဖက်ပစ်မှတ်တွေကို သွားရောက်တိုက်ခိုက်ခဲ့သေးပေမယ့် အမေရိကန်ဦးဆောင်တဲ့ လေကြောင်းစစ်ဆင်ရေးအောက်မှာ ပါဝင်တိုက်ခိုက်ခဲ့တာတော့ မဟုတ်ခဲ့ပါဘူး။
6 years Ago
Up