အိုင်အက်စ် သိမ်းယူထားသည့် နေရာများကို အီရတ်စစ်တပ် ပြန်သိမ်းပိုက်

February 1, 2016

အိုင်အက်စ် သိမ်းယူထားသည့် နေရာများကို အီရတ်စစ်တပ် ပြန်သိမ်းပိုက်

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော် အနောက်ဘက်ရှိ အန်ဘာပြည်နယ်ရဲ့မြို့ ရာမာဒီမြို့က အိုင်အက်စ်တွေရဲ့ နေရာတွေကို အမေရိကန် လေ့ကျင့်ပေးထားတဲ့ အီရတ်စစ်တပ်က ဇန်န၀ါရီ ၃၀ ရက်နေ့မှာ ရရှိခဲ့တယ်လို့ ဒေသအရာရှိတဦးက ပြောပါတယ်။ စစ်တပ်ဟာ အကြမ်းဖက် အိုင်အက်စ်တွေ ပုန်းအောင်းနေတဲ့ နေရာတွေကို တိုက်ခိုက်နိုင်ဖို့ ချီတက်ခဲ့ပြီးနောက် စစ်အောင်နိုင်ပြီး အိုင်အက်စ် စစ်သွေးကြွ အကြမ်းဖက်တွေ ပုန်းအောင်းနေတဲ့ နေရာတွေကိုလည်း အပြည့်အ၀ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ခြေမြန်တပ်ဖွဲ့ အရာရှိ ဒု-ဗိုလ်ချုပ်ကြီး မာဒီ အာဘာ့စ်က ပြောပါတယ်။ ရာမာဒီကို သိမ်းပိုက်ရရှိခြင်းဟာ အိုင်အက်စ်တွေရဲ့ ၂၀၁၅ ခုနှစ်က အကြီးဆုံး ဆုလာဘ်ကို အလဲထိုးလိုက်ခြင်းပါပဲ။ ပြီးခဲ့တဲ့နှစ် မေလက အိုင်အက်စ်တွေဟာ ရာမာဒီကို သိမ်းယူလိုက်ပြီးနောက်မှာ အစိုးရတပ်တွေ အရှုံးနဲ့ ဆုတ်ခွာပြေးခဲ့ရပြီးနောက်မှာတော့ အမေရိကန်အစိုးရက လေကြောင်းတိုက်ပွဲတွေ ၀င်ရောက်ဆင်နွှဲခဲ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ သူ့ရဲ့မဟာမိတ်တွေဟာ ဇန်န၀ါရီ ၂၈ ရက်က အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ အိုင်အက်စ်တွေကို တိုက်ခိုက်မှု ၂ ဒါဇင်လောက် လုပ်ဆောင်ခဲ့ပါသေးတယ်။ ရာမာဒီမြို့နားက ၅ မြို့ အပါအ၀င် အီရတ်မြို့ ၇ မြို့ကို ၁၄ ကြိမ် တိုက်ခိုက်ရာမှာ အိုင်အက်စ် နည်းဗျူဟာဌာန ၁ ခုနဲ့ မော်တော်ယာဉ် ၂ စီး၊ ဘန်ကာ ၁ လုံးနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ထိမှန်ခဲ့ပါတယ်။ မိုဆူးလ်နဲ့ ဆင်ဂျာ အပါအ၀င် တခြားမြို့တွေမှာလည်း ပစ်မှတ်တွေကြားထဲမှာ အိုင်အက်စ်တွေရဲ့ နည်းဗျူဟာဌာန ၄ ခုနဲ့ စစ်သွေးကြွတွေ အသုံးပြုတဲ့ အဆောက်အဦ တလုံးတို့လည်း ထိမှန်ပျက်စီးသွားတယ်လို့ ဇန်ဝါရီ ၂၉  ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပါဝင်ပါတယ်။
6 years Ago
Up