အိုင်အက်စ် သိမ်းပိုက်ထားသည့် သမိုင်းဝင် ပယ်လ်မိုင်ရာမြို့ထဲ ဆီးရီးယားအစိုးရတပ် ဝင်ရောက်

March 3, 2017

အိုင်အက်စ် သိမ်းပိုက်ထားသည့် သမိုင်းဝင် ပယ်လ်မိုင်ရာမြို့ထဲ ဆီးရီးယားအစိုးရတပ် ဝင်ရောက် (ရုပ်သံ)

IS and Syria forces near Palmyra by DVB ဆီးရီးယားနိုင်ငံထဲမှာ အိုင်အက်စ် အကြမ်းဖက်တွေ သိမ်းပိုက်ထားတဲ့ ရောမခေတ် ရှေးဟောင်း သမိုင်းဝင် ပယ်လ်မိုင်ရာ (Palmyra) မြို့ထဲကို ဆီးရီးယားအစိုးရတပ်တွေ ပြီးခဲ့တဲ့ မတ် ၁ ရက်နေ့က ဝင်ရောက်နိုင်ခဲ့ကြတယ်လို့ ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။ ဒီ ရောမခေတ် ရှေးဟောင်းမြို့ကို အိုင်အက်စ် အကြမ်းဖက်တွေ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ပြန်လည်တိုက်ခိုက် သိမ်းယူခဲ့ကြတာပါ။ ဆီးရီးယားအစိုးရတပ်နဲ့ မဟာမိတ်တပ်တွေဟာ ရုရှားလေတပ်ရဲ့ ပစ်ကူပေးမှုတွေနဲ့ မြို့အနောက်ပိုင်း နယ်မြေတွေကို သိမ်းယူရရှိခဲ့ကြတယ်လို့ ဒေသခံသတင်းတွေက ဆိုပါတယ်။ အခုထိုးစစ်မှာ နှစ်ဘက်တပ်ဖွဲ့တွေ အပြင်းအထန် တိုက်ခိုက်နေကြပြီး တချို့ သမိုင်းဝင်အဆောက်အဦတွေကို အိုင်အက်စ် အကြမ်းဖက်တွေ ဖျက်ဆီးလို့ ပျက်စီးခဲ့ပါတယ်။ လက်ဘနွန်နိုင်ငံက ဟစ်ဇ်ဘိုလာတပ်ဖွဲ့ရဲ့ သတင်းဌာနတခုကတော့ ဒီ ပယ်လ်မိုင်ရာမြို့ဟောင်း တမြို့လုံးကို စီးပြီးမြင်ရတဲ့ တောင်ထိပ်ခံတပ်ဟောင်းကြီးကို အစိုးရမဟာမိတ်တပ်တွေ သိမ်းပိုက်ရရှိခဲ့ကြတယ်လို့ ပြောပါတယ်။ စစ်ဆင်ရေးမဟာဗျူဟာကျတဲ့ ပယ်လ်မိုင်ရာလမ်းဆုံကိုလည်း ဆီးရီးယားအစိုးရတပ်တွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆီးရီးယားအစိုးရပိုင် ဆနာသတင်းဌာနက ဆိုပါတယ်။
5 years Ago
Up