အိုင်အက်စ် ပစ်မှတ်များ ရုရှားလေတပ် စတင်တိုက်ခိုက် (ရုပ်သံ)

A d v e r t i s e m e n t With Us

October 1, 2015

အိုင်အက်စ် ပစ်မှတ်များ ရုရှားလေတပ် စတင်တိုက်ခိုက် (ရုပ်သံ)

ဆီးရီးယားမှာရှိတဲ့ အိုင်အက်စ်အကြမ်းဖက်စစ်ရေးပစ်မှတ်တွေကို ရုရှားလေတပ်က စက်တင်ဘာ ၃၀ ရက်က စတင်တိုက်ခိုက်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အာဏာပိုင်တွေကပြောဆိုပါတယ်။ ဟုမ်းစ်နဲ့ ဟာမာပြည်နယ်တွေက အကြမ်းဖက်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပြီး အဲဒီလေကြောင်း တိုက်ခိုက်မှု မစခင် ၁ နာရီကြိုပြီး အမေရိကန်နိုင်ငံကို အကြောင်းကြားခဲ့တယ်လို့ အမေရိကန်အာဏာပိုင်တွေက ဆိုပါတယ်။ ဆီးရီးယားပြည်တွင်းစစ် ၄ နှစ်ကြာမြင့်လာချိန်မှာ အမေရိကန်နဲ့ မဟာမိတ်တွေက ဆီးရီးယားသမ္မတ အာဆတ်ကို ဆင်းပေးရမယ်လို့ ပြောဆိုပေမယ့် ရုရှားနိုင်ငံက အာဆတ်ကို ကာကွယ်ပေးနေတာပါ။ အခုလို လေကြောင်းက ၀င်ရောက်တိုက်ခိုက်ဖို့လည်း သမ္မတအာဆတ်က ရုရှားစစ်တပ်ကို အကူအညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။ ဆီးရီးယားနိုင်ငံထဲမှာ ရုရှားလေတပ် တပ်စွဲဖို့လည်း ရုရှားအထက်လွှတ်တော်က သမ္မတပူတင်ကို ခွင့်ပြုခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ အိုင်အက်စ်အကြမ်းဖက်တွေရဲ့ တိုက်ခိုက်ရေးပစ္စည်းတွေ၊ ဆက်သွယ်ရေးဌာနတွေ၊ လက်နက်တိုက်တွေတွေနဲ့ စွမ်းအင်ထောက်ပံ့ရေးလမ်းကြောင်းတွေကို လေကြောင်းပစ်ခတ်မှု အကြိမ် ၂၀ လောက်လုပ်ဆောင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဆီးရီးယားအတိုက်အခံ ကွန်ရက်အဖွဲ့ကတော့ ရုရှားက လေကြောင်းက တိုက်ခိုက်ခဲ့တဲ့နေရာတွေမှာ ကလေး ၅ ဦးအပါအ၀င် လူ ၃၆ ဦး သဆုံးခဲ့ပြီး အိုင်အက်စ်အကြမ်းဖက်တွေရဲ့ ထိန်းချုပ်နယ်မြေတွေ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။ လေတပ်တွေအချင်းချင်း နားလည်မှုလွဲတာတွေ မဖြစ်အောင် အမေရိကန်နဲ့ ရုရှားစစ်တပ်တို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေက ပြောဆိုထားပါတယ်။
5 years Ago
Up