အိုင်အက်စ်နှင့် အီရတ်စစ်တပ် တိုက်ပွဲဖြစ်ပွားနေသည့်ရုပ်သံ ထွက်ပေါ် (ရုပ်သံ)

May 26, 2016

အိုင်အက်စ်နှင့် အီရတ်စစ်တပ် တိုက်ပွဲဖြစ်ပွားနေသည့်ရုပ်သံ ထွက်ပေါ် (ရုပ်သံ)

အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ်အဖွဲ့က သိမ်းထားတဲ့ ဖာလူဂျာမြို့ကို အီရတ်စစ်တပ်က ပြန်သိမ်းဖို့ ထိုးစစ်ဆင်နေတာ တိုက်ပွဲပြင်းထန်နေပါတယ်။ စစ်ဆင်ရေး သုံးရက်မြောက်နေ့ဖြစ်တဲ့ မေ ၂၅ ရက်နေ့က ဖာလူဂျာမြို့ မြောက်ဘက်နဲ့ အရှေ့မြောက်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်းနေပါတယ်။ အီရတ်စစ်တပ်ဟာ အန်ဘာခရိုင်ထဲက ရာမာဒီမြို့ကို  ပြန်သိမ်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်။  ဖာလူဂျာ မြို့ကလည်း ရာမာဒီမြို့နဲ့ နီးပါတယ်။ ဒါပေမယ့် နိုင်ငံမြောက်ပိုင်းမှာ အကြီးဆုံးမြို့ဖြစ်တဲ့ မိုဆိုးလ်မြို့ကို အိုင်အက်စ်အဖွဲ့ လက်ထဲကနေ ပြန်သိမ်းနိုင်ဖို့ စစ်ဆင်ရေးကတော့ ပိုပြီးခက်ခဲနိုင်စရာ ရှိပါတယ်။ အခု ဖာလူဂျာမြို့သိမ်းတိုက်ပွဲမှာ ခုခံမှုတွေ ရှိပေမယ့် အီရတ်တပ်တွေက မြို့ရဲ့ပတ်ပတ်လည် စစ်မျက်နှာအားလုံးကနေ  တိုက်ခိုက်ေ်နတယ်လို့ စစ်တပ် ပြောခွင့်ရသူက ဆိုပါတယ်။ အီရတ် ထိပ်တန်း ရှီယိုက် မွတ်စလင် ဘာသာရေး ခေါင်းဆောင်ကလည်း ဖာလူဂျာမြို့ကို သိမ်းပြီး မြို့တွင်းမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်တင်ဖို့ တိုက်တွန်းထားပါတယ်။
6 years Ago
Up