အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အကြမ်းဖက်အဖွဲ့နဲ့ သွားပေါင်းဖို့ အစီအစဉ်ရှိတဲ့ ဂျပန်နိုင်ငံသားတဦးကို တူရကီမှာ ဖမ်းဆီးထားတယ်လို့ ဂျပန်အစိုးရက ဒီနေ့ အတည်ပြုပါတယ်။
အသက် ၂၄ နှစ်အရွယ် ဂျပန်အမျိုးသားကို ဖမ်းဆီးတော့မယ့်အကြောင်း တူရကီ အစိုးရက ဂျပန်အစိုးရကို အသိပေးခဲ့တယ်လို့ အစိုးရအဖွဲ့အတွင်းဝန် ယိုရှီဟိုင်ဒီ စူဂါးက သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောဆိုပါတယ်။
ဂျပန်အစိုးရ ကိုယ်တိုင်ကတော့ ဂျပန်အမျိုးသားရဲ့ အကြံအစည်ကို ဘာမှကြိုတင် မသိခဲ့ရဘူးလို့လည်း ၀န်ခံပါတယ်။
သူ့ကို ဖမ်းဆီးလိုက်တဲ့ နေရာဟာ ဆီရီးယားနဲ့အစပ် တူရကီဘက်အခြမ်းမှာလို့ ပြောပါတယ်။
တူရကီ မီဒီယာတွေမှာတော့ သူဟာ အစွန်းရောက်အဖွဲ့နဲ့ လူမှုကွန်ရက်မီဒီယာကနေ အဆက်အသွယ် ရခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
တူရကီ အာဏာပိုင်တွေက သူ့ကို စစ်ဆေးပြီးရင် ဂျပန်နိုင်ငံ ပြန်ပို့မယ်လို့လည်း ဆိုပါတယ်။
မနှစ်တုန်းက ဘင်္ဂလားဒေ့ရှ်မှာ ဂျပန်အမျိုးသားတယောက် သတ်ဖြတ်ခံရတာကို အိုင်အက်စ်အဖွဲ့က သူတို့ လက်ချက်လို့ ကြေညာခဲ့ပါတယ်။
၂၀၁၅ အစောပိုင်းမှာလည်း အိုင်အက်စ်အဖွဲ့က သူတို့ ဖမ်းထားတဲ့ ဂျပန် ဓားစားခံ ၂ ယောက်ကို ခေါင်းဖြတ် သတ်ခဲ့ပါတယ်။
5 years Ago