အိုင်အက်စ်ဝင်လာမည့် သတင်းကြောင့် ထိုင်းခရီးသွားလုပ်ငန်း ထိခိုက်မည်မဟုတ်ဟုဆို

December 6, 2015

အိုင်အက်စ်ဝင်လာမည့် သတင်းကြောင့် ထိုင်းခရီးသွားလုပ်ငန်း ထိခိုက်မည်မဟုတ်ဟုဆို

ထိုင်းနိုင်ငံမှာ သတင်းထွက်ပေါ်နေတဲ့ အစ္စလာမ္မစ် နိုင်ငံတော် (အိုင်အက်စ်) အဖွဲ့ဝင်တွေ ၀င်ရောက်လာမှုနဲ့ ပတ်သက်ပြီးတော့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်မှာ မဟုတ်ဘူးလို့ ဟိုတယ်လုပ်ငန်းရှင်များအသင်းက ဒီဇင်ဘာ ၅ ရက်နေ့မှာ ပြောပါတယ်။ ကြိုတင်ပြီးတော့ အခန်းငှားထားတဲ့ သူတွေနဲ့ ခရီးသွားတွေ လျှော့ကျသွားတာ မရှိသလို ထိုင်နိုင်ငံ ဖူးခက်မြို့မှာ ၇၅ ရာခိုင်နှုန်းအထိ ရှိနေသေးကြောင်း ထိုင်းနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ ဟိုတယ်လုပ်ငန်းရှင်များအသင်း အကြီးအကဲ ကိုက်စဒါ တန့်စကူး (Krisda TANSAKUL) က ထိုင်းရတ်သတင်းဌာနကို ပြောပါတယ်။ ခရီးသွားတွေကတော့ အဓိက အီးယူနိုင်ငံသားတွေ အများဆုံးလာရောက်ကြတာ ဖြစ်ပြီး  တရုတ်၊ ကိုးရီးယာ၊ အန္ဒိယနိုင်ငံမှ ခရီးသွားတွေကလည်း ခရီးစဉ် ဖျက်သိမ်းတာနဲ့ ပတ်သက်ပြီး အကြောင်းကြာတာ မရှိသေးကြောင်း သူက ဆိုပါတယ်။ ဖူးခက်မြို့မှာရှိတဲ့ လေဆိပ်အပါအ၀င် တခြား မြို့နယ်တွေမှာလည်း လုံခြုံရေး တိုးမြှင့်ချထားကြောင်း သိရပါတယ်။ EyWwB5WU57MYnKOuYBkl365RB0GOHy5xPtcMy3EbXxOrgCpj4R2oYXတချိန်တည်းမှာပဲ ဖူးခက်လေဆိပ် အကြီးအကဲကလည်း လေဆိပ်အပြင်နဲ့ အထဲမှာ ဗုံးရှာဖွေရေး တပ်သားအပြင် လူဝင်မှု ကြီးကြပ်ရေး (လ၀က) နဲ့ ခရီးသွား လုံခြုံရေး ရဲအရာရှိတွေကို လုံခြုံရေး တိုးမြှင့်ထားကြောင်း ပြောဆိုပါတယ်။ ရုရှားတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ နိုဝင်ဘာ နောက်ဆုံး ၂ ပတ်မှာ ထိုင်းက ပတ္တရားကို ၄ ဦး၊ ဖူးခက်နဲ့ ဘန်ကောက်မြို့ကို ၂ ဦးစီနဲ့ တခြား မသိရတဲ့ မြို့ကို ၂ ဦးစီ လာရောက်ဖို့ ရှိတယ်လို့ ထိုင်းလုံခြုံရေး ကောင်စီက အသိပေးထားပါတယ်။ ထိုင်းပြည်သူတွေကိုတော့ အသေးစိတ် ထုတ်ဖော်ပြောဆိုတာတွေ မရှိသလို  ခြိမ်းခြောက်မှုတွေကိုလည်း ဖြေရှင်းနိုင်မယ်လို့  လုံခြုံရေးကောင်စီက ပြောဆိုထားပါတယ်။ နယူးဇီလန် ခရီးသွားလုံခြုံရေး အင်တာနက် စာမျက်နှာမှာလည်း ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ သူတို့နိုင်ငံသား ခရီးသွားတွေကို သတိနဲ့ သွားလာကြဖို့ အသိပေးထားပါတယ်။
6 years Ago
Up