အိုင်အက်စ်အသေခံ

May 20, 2017

အိုင်အက်စ်အသေခံဖောက်ခွဲရေးကားက အီရတ်တပ်ဖွဲ့၏ ဘူလ်ဒိုဇာကို ၀င်တိုက်ပြီးဖောက်ခွဲ (ရုပ်သံ)

မိုဆူးလ်မြို့အနောက်ဘက်မှာ အိုင်အက်စ်အသေခံတပ်သား မောင်းနှင်လာတဲ့ ဖောက်ခွဲရေးပစ္စည်းတင်ကားက အီရက်လုံခြုံရေးတပ်သား မောင်းနှင်လာတဲ့ ဘူလ်ဒိုဇာကားကို ၀င်တိုက်ပြီး ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ကားနှစ်စီး တိုက်ပြီး ပါက်ကွဲခဲ့တာကို မေလ ၁၇ ရက်နေ့က အီရတ် သတင်းဌာနက တင်ခဲ့တဲ့ ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။ အီရတ်လုံခြုံရေးတပ်တွေက အိုင်အက်စ်စစ်သွေးကြွတွေကို မိုဆူးလ်မြို့ကနေ မောင်းထုတ်ဖို့အတွက် အိုင်အက်စ်တွေနဲ့ လုံခြုံရေးတပ်သားတွေ တိုက်ပွဲတွေဖြစ်နေတာပါ။ ရုပ်သံထဲမှာ ဘူလ်ဒိုဇာကားက သူ့ဆီတည့်တည့်မောင်းနှင်လာတဲ့ အိုင်အက်စ်ရဲ့ကားကို အနီးအနားက အဆောက်အအုံတခုဆီ တွန်းထုတ်လိုက်ပါတယ်။ အဲ့ဒီနောက် ကားက မီးတွေနဲ့ မီးခိုးတွေ ထွက်ကာ ပေါက်ကွဲသွားပါတယ်။ ဘူလ်ဒိုဇာမောင်းသူက “သူ့ကားက လမ်းသွယ်ကနေ ထွက်လာတယ်၊ သူက ဘယ်ဘက်ကို သွားရမယ်ဆိုတာ မသိဘူးဖြစ်နေတယ်၊ အဲ့တော့ ကျနော်ကားနဲ့ မျက်နှာချင်းဆိုင် ဖြစ်သွားတယ်၊ သူက ကျနော့်ဘက်ကနေ ပြေးဖို့ ကြိုးစားတာ၊ ဒါကြောင့် ကျနော့်ကားနဲ့ သူ့ရှေ့မှာ ပိတ်လိုက်တယ်၊ အဲဒီနောက် သူက သူ့ကိုယ်သူ အသေခံပြီး ဖောက်ခွဲလိုက်တာပဲ” လို့ ပြောပါတယ်။ အိုင်အက်စ်တွေက မြို့တွင်းမှာ လမ်းပိတ်ဆို့မှုဖြစ်အောင် ယာဉ်တွေကို စွန့်ခွာထားခဲ့လို့ အီရတ်လုံခြုံရေးတပ်ကလည်း ဒါကို ဖြေရှင်းဖို့ ဘူလ်ဒိုဇာတွေ သုံးနေရတာပါ။ ဒီအပတ်အစောပိုင်းတုန်းကလည်း အရပ်သားတွေ မြို့က ထွက်ခွာလို့မရအောင် မိုဆူးလ်မြို့ရဲ့ မြို့အရှေ့တံခါးပေါက်တွေနားမှာ အိုင်အက်စ်တွေက ဗုံးတွေ ထောင်ခဲ့ကြသေးတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up