အိုင်အက်စ်အမာခံမြို့ကို ပြန်သိမ်းပိုက်နေသည့် လစ်ဗျားတပ် အကျဆုံးများ (ရုပ်သံ)

A d v e r t i s e m e n t With Us

August 29, 2016

အိုင်အက်စ်အမာခံမြို့ကို ပြန်သိမ်းပိုက်နေသည့် လစ်ဗျားတပ် အကျဆုံးများ (ရုပ်သံ)

လစ်ဗျာနိုင်ငံမြောက်ပိုင်းက အိုင်အက်စ်အကြမ်းဖက်တွေရဲ့ အမာခံမြို့ကို ပြန်လည်သိမ်းပိုက်နေတဲ့ လစ်ဗျားအစိုးရတပ်ဖွဲ့ဝင်တွေ သြဂုတ် ၂၈ ရက်နေ့က အတော် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံဆေးရုံအာဏာပိုင်တွေက ပြောပါတယ်။ အပြင်းအထန်ထိုးစစ်ဆင်နေတဲ့ လစ်ဗျားအစိုးရနောက်ခံတပ်တွေကို ဟန့်တားဖို့ အိုင်အက်စ်တွေက ကားဗုံးဖောက်ခွဲမှု ၅ ကြိမ်လုပ်ခဲ့ပြီး အစိုးရတပ်ဖွဲ့ဝင် အနည်းဆုံး ၃၄ ယောက်ကျဆုံးပြီး တပ်ဖွဲ့ဝင် ၁၈၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အစိုးရတပ်အရာရှိတွေက ပြောပါတယ်။ လစ်ဗျားညွန့်ပေါင်းအစိုးရတပ်တွေဟာ ဆာ့မြို့ကို ခြေကုပ်ယူဖို့ ကြိုးစားခဲ့တဲ့ အိုင်အက်စ်အကြမ်းဖက်တွေကို အပြီးသတ်ရှင်းလင်းရေးစစ်ဆင်ရေးကို မေလက စတင်ခဲ့ပြီး မြို့ရဲ့အဓိကနေရာတွေကိုတော့ သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ သြတ်ဂုတ် ၂၈ ရက်နေ့က လက်ကျန် ၂ နေရာကို ရှင်းလင်းရင်း တပ်ဖွဲ့ဝင်တွေ အများအပြား ထိခိုက်ခဲ့ကြတာပါ။ ဒုံးကျည်တွေ၊ တင့်ကားတွေနဲ့  အပြင်းအထန်တိုက်ခိုက်ခဲ့သလို လစ်ဗျားနဲ့ အမေရိကန်လေတပ်တွေကလည်း လေကြောင်းပစ်ကူမှုတွေပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့တပတ်က ဆာ့မြို့ပြင်မှာ အိုင်အက်စ်အကြမ်းဖက် အသေခံဗုံးခွဲတိုက်ခိုက်မှုတွေ ရှိခဲ့လို့ မြို့ပြင်မှာ အကြမ်းဖက်တွေ အင်နဲ့အားနဲ့ ရှိနေနိုင်သေးတယ်ဆိုပြီး စိုးရိမ်နေကြပါတယ်။
5 years Ago
Up