အိုင်အက်စ်အဖွဲ့နှင့် ဆက်သွယ်မှုဖြင့် အမေရိကန် လူငယ် ၂ ဦးကို တရားစွဲ

June 21, 2015

အမေရိကန် ဘုရားကျောင်းပစ်ခတ်သူ သေနတ်သမား၏ ၀က်ဘ်ဆိုဒ် တွေ့ရှိ

အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ် လူမည်းဘုရားကျောင်းမှာ ပစ်ခတ်ခဲ့တဲ့ လူဖြူလူငယ်သေနတ်သမားက ရေးသားခဲ့ပုံရတဲ့ လူမျိုးရေးခွဲခြားမှု စာတမ်းပါဝင်တဲ့ အင်တာနက်ဝက်ဘ်ဆိုဒ်တခုကို ဇွန် ၂၀ ရက်နေ့က တွေ့ရှိပါတယ်။ ၀က်ဘ်ဆိုဒ်မှာ သေနတ်သမား ဒိုင်လန်း ရုဖ် (Dylann Roof) ရေးသားထားတယ်လို့ ယုံကြည်ရတဲ့ လူမျိုးရေးခွဲခြားရေးစာတမ်း၊ သူသေနတ်ကိုင်ဆောင်ထားတဲ့ ဓာတ်ပုံတွေ၊ အမေရိကန်အလံကို မီးရှုံ့နေတဲ့ ဓာတ်ပုံနဲ့၊ အမေရိကန်တောင်ပိုင်းခွဲထွက်ရေးအလံ ကိုင်ဆောင်ထားတဲ့ ဓာတ်ပုံတွေလည်းပါဝင်ပါတယ်။ ချာလ်တန်မြို့ရှိ သမိုင်းဝင်အမေရိကန်လူမည်းဘုရားကျောင်းမှာ ဇွန် ၁၇ ရက်နေ့ညက ဒိုင်လန်း ရုဖ် ၀င်ရောက်ပစ်ခတ်မှုမှာ အမေရိကန်လူမည်း ၉ ဦးသေဆုံးခဲ့ပါတယ်။ ဇွန် ၁၈ ရက်နေ့မှာတော့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ သူ့ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ချာလ်တန်မြို့မှာ ရွေးချယ်ပစ်ခတ်ခဲ့ရတဲ့အကြောင်းရင်းကတော့ တောင်ကယ်ရိုလိုင်းနားပြည်နယ် ချာလ်တန်မြို့ဟာ အမေရိကန်လူဖြူ-လူမည်းသမိုင်းမှာ အဓိကကျတဲ့မြို့ဖြစ်တာကြောင့်လို့ ၀က်ဘ်ဆိုဒ်ပဋိညာဉ်စာတန်းမှာ ရေးသားထားပါတယ်။ အမေရိကန်ဗဟိုထောက်လှမ်းရေးဗျူရိုကလည်း အဲ့ဒီဝက်ဘ်ဆိုဒ်နဲ့ ဒိုင်လန်း ရုဖ် ရဲ့ ဆက်စပ်မှုကို စုံစမ်းစစ်ဆေးနေပါတယ်။ တချိန်တည်းမှာပဲ ပစ်ခတ်မှုအတွင်း သေဆုံးသွားကြတဲ့ အမေရိကန်လူမည်း ၉ ဦးဈာပနကို တက်ရောက်ဖို့၊ နိုင်ငံတ၀န်းက ၀မ်းနည်းခြင်းပန်းခွေချမယ့်သူတွေ၊ အောက်မေ့ဆုတောင်းပွဲတက်ရောက်မယ့်သူတွေ ချာလ်တန်မြို့ကို ရောက်ရှိလာနေကြပါတယ်။ ဇွန် ၂၀ ရက်နေ့က တနေ့လုံး ချာလ်တန်မြို့က ဘုရားကျောင်းမှာ ဆုတောင်းဝတ်ပြုပွဲတွေ ကျင်းပခဲ့ကြပြီး  ပြည်နယ်မြို့တော် ကိုလွမ်ဘီယာ (Columbia) မြို့မှာ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးဆန္ဒပြပွဲကြီးလည်း ကျင်းပခဲ့ပါတယ်။ ချာလ်တန်မြို့ဟာ ၁၈၆၀ နှစ်တွေက အမေရိကန်ကျေးကျွန်စနစ်နဲ့ ပတ်သက်ပြီး ပြည်တွင်းစစ်ဖြစ်ခဲ့တဲ့အချိန်က ခွဲထွက်ရေးတိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ ဆိပ်ကမ်းမြို့လည်း ဖြစ်ခဲ့ပါတယ်။  
6 years Ago

June 10, 2015

အိုင်အက်စ်စစ်သွေးကြွ ၂၀ ကျော်နှင့် လက်နက်များ အီရတ်စစ်တပ် ဖမ်းမိ

အီရတ်တပ်ဖွဲ့တွေဟာ ဆာလာဟူဒင်ပြည်နယ်ထဲက ဆာမာရာဒေသ အနောက်ဘက်မှာ နယ်မြေပြန်ရယူရေး တိုက်ပွဲတွေအတွင်းမှာ အိုင်အက်စ်စစ်သွေးကြွ ၂၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ အီရတ်စစ်တပ်က ပြောပါတယ်။ မျက်လုံးတွေကို ဖုံးအုပ်စည်းနှောင်ပြီး လက်နောက်ပြန် ကြိုးတုပ်ထားတဲ့ အနက်ဝတ်စုံနဲ့ လူ ၂၄ ဦးကို မီဒီယာတွေမှာ ထုတ်ပြပါတယ်။ သူတို့နဲ့အတူ အမြောက်တွေ၊ ဗုံးတွေ အမျိုးစုံ အပါအ၀င် ဖမ်းဆီးရမိတဲ့ လက်နက်ငွေကြေး အများအပြားကိုလည်း ဆာလာဟူဒင်ပြည်နယ်က ဘာလဒ်မြို့မှာရှိတဲ့ အမှတ် ၁၇ ခြေလျင်တပ် စစ်ဌာနချုပ်မှာ ပြသထားပါတယ်။ “ဒီစစ်ဆင်ရေးဟာ ဆာမာရာအနောက်ဘက်က အလ်ဂျာဇီရာနဲ့ အလ်ဘာဒီယာ ဒေသတွေကို ရှင်းလင်းတော့မှာ ဖြစ်ပါတယ်။ ဒီနယ်မြေထဲက အကြမ်းဖက်တွေကို ရှင်းလင်းဖို့ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းတော့ ပြီးမြောက်သွားပါပြီ။ ဒီတိုက်ပွဲတွေမှာ ကျနော်တို့ အိုက်ဇစ် အဖွဲ့ဝင် ၂၄ ယောက်ကို ဖမ်းမိထားတယ်။ အိုက်ဇစ် ၁၉၈ ယောက်ကျော်ကျော်လည်း သတ်လိုက်နိုင်တယ်။ လက်နက်ကြီး၊ လက်နက်ငယ် မျိုးစုံ၊ ဗုံးတွေနဲ့ ထောင်ချောက်ဆင်ထားတဲ့ ကားတွေရှိတဲ့ စက်ရုံတရုံ၊ လက်ပစ်ဗုံးတွေနဲ့ လက်နက်ကြီး လက်နက်လတ်တွေလည်း သိမ်းဆည်းရမိပါတယ်။” လို့ အမှတ် ၁၇ ခြေလျင်တပ်ရင်း တပ်မှူး ဗိုလ်မှူးချုပ် မာအဒ် ဘာဒိုင် ဖှာရာ့ခ်ျ က ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ လက်နက်တွေထဲမှာ IED ခေါ် လက်လုပ် ဖောက်ခွဲရေးပစ္စည်းတွေ၊ အဝေးကနေ ထိန်းချုပ် ဖောက်ခွဲရေးပစ္စည်းအဖြစ် စစ်သွေးကြွတွေ အသုံးပြုတတ်တဲ့ မိုဘိုင်းဖုန်းတွေနဲ့ အသုံးမပြုရသေးတဲ့ တယ်လီဖုန်းဆင်းမ်ကတ်အသစ် ၁၀၀ ကျော်လည်း ပါဝင်ပါတယ်။ အီရတ်စစ်တပ်ဟာ လတ်တလော သီတင်းပတ်တွေမှာ ဘဂ္ဂဒက်မြို့တော် အနောက်ဘက် အန်ဘာပြည်နယ်မှာ ရှုံးနိမ့်မှုတွေ ကြုံခဲ့ရပြီးနောက်မှာ ဘဂ္ဂဒက်မြောက်ဘက်က ဆာလာဟူဒင်ပြည်နယ်မှာ အိုင်အက်စ်စစ်သွေးကြွ နှိမ်နင်းရေး အောင်မြင်မှုတွေ ရနေပါတယ်။ ဒါ့အပြင် အိုင်အက်စ်တွေ ထိန်းချုပ်ထားတဲ့ ဘိုင်ဂျီမြို့ရဲ့ အစိတ်အပိုင်း အတော်များများကိုလည်း ရှီယိတ်စစ်သွေးကြွတွေနဲ့ ပူးပေါင်းထားတဲ့ အီရတ်အစိုးရတပ်တွေက ဇွန်လ ၈ ရက် တနင်္လာနေ့က ပြန်လည် ရယူနိုင်ခဲ့ပါတယ်။ ခုဆို အီရတ်စစ်တပ်ဟာ တီကရစ်ကို ပြန်ရယူနိုင်ဖို့ နီးလာပြီ ဖြစ်ပါတယ်။ [gallery ids="96980,96981,96982,96983,96984,96985,96986,96987"]
6 years Ago
More News
Up