အိုင်အက်စ်သိမ်း မိုးဆူးလ်မြို့အနီး ရွာများကို အီရတ်စစ်တပ် တိုက်ခိုက် (ရုပ်သံ)

A d v e r t i s e m e n t With Us

October 21, 2016

အိုင်အက်စ်သိမ်း မိုးဆူးလ်မြို့အနီး ရွာများကို အီရတ်စစ်တပ် တိုက်ခိုက် (ရုပ်သံ)

အီရတ် အကြမ်းဖက်မှုစစ်ဆင်ရေးတပ်ဖွဲ့နဲ့ ကာဒ်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်နေ့က မိုဆူးလ်မြို့အနီးတ၀ိုက်က ရွာတွေကို ဆက်လက် တိုက်ခိုက်နေပါတယ်။ မနက် ၆ နာရီလောက်က စပြီး မိုဆူးလ်မြို့ကနေ မြောက်ဘက်နဲ့ အနောက်ဘက်က ၁၃ မိုင် ပတ်လည်မှာ ရှိတဲ့ အိုင်အက်အဖွဲ့တွေ သိမ်းထားတဲ့ ရွာတွေကို အမြောက်တွေနဲ့ လှမ်းပစ်နေတာပါ။ မြေပြင်တပ်က အမြောက်တွေနဲ့ လှမ်းပစ်နေတဲ့အချိန်မှာ ဝေဟင်မှာ ရဟတ်ယာဉ်တွေ ပျံဝဲနေတယ်။ အီရတ်စစ်တပ်နဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေဟာ မိုဆူးလ်မြို့ကို အိုင်အက်စ်အဖွဲ့ လက်ကနေ ပြန်သိမ်းဖို့ ထိုးစစ်ဆင်နေတာ ကျန်ခဲ့တဲ့ ၃ ရက်အတွင်းမှာ အနီးအနားက ရွာတွေကို သိမ်းပိုက်နိုင်ပြီး ဖြစ်ပါတယ်။ တောင်ဘက်စစ်မျက်နှာမှာ အီရတ်စစ်တပ်နဲ့ ညွန်ပေါင်းတပ်ဖွဲ့တွေဟာ နယ်မြေ အကျယ်အ၀န်း ၃၅၀ စတုရန်း ကီလိုမီတာကို သိမ်းထားပြီး အမှတ် ၉ စစ်မြေပြင် သံချပ်ကာ တပ်ဖွဲ့ဟာ မိုဆူးလ်မြို့ကနေ ကီလိုမီတာ ၄၀ အကွာမှာ ရောက်နေတယ်လို့ ဆိုပါတယ်၊ အရှေ့ဘက် စစ်မျက်နှာလည်း ကာဒ်တပ်ဖွဲ့တွေက နယ်မြေတွေကို သိမ်းနိုင်ပြီး အခုဆိုရင် မိုဆူးလ်မြို့အနီးကို ချဉ်းကပ်နေပြီး ဖြစ်ပါတယ်။ စုစုပေါင်း ရွာ ၉ ရွာ၊ နယ်မြေ အကျယ်အ၀န်း ၂၀၀ စတုရန်း ကီလိုမီတာကို သိမ်းပိုက်နိုင်ပြီလို့ ဆိုပါတယ်။ မိုဆူးလ်မြို့ကို ပြန်သိမ်းဖို့ စစ်ဆင်ရေးကို အောက်တိုဘာ ၁၇ ရက်နေ့က အီရတ် ၀န်ကြီးချုပ်က ကြေညာခဲ့ပါတယ်။ အီရတ်စစ်တပ်ဟာ စစ်ဆင်ရေးစတင်တဲ့ ပထမနေ့ကနေ ဒီနေ့အထိ မျှော်မှန်းထားတာ ထက် နယ်မြေတွေကို ပိုပြီး လျင်လျင်မြန်မြန် ဆောင်ရွက်နိုင်တယ်လို့  သတင်းတွေမှာ ဖော်ပြပါတယ်။
4 years Ago
Up