အိုင်အက်စ်ပစ်မှတ်များကို အမေရိကန် လေကြောင်းပစ်ခတ်မှု ဗွီဒီယို ထုတ်ပြန်

September 23, 2017

အိုင်အက်စ်ပစ်မှတ်များကို ရုရှားရေငုပ်သင်္ဘော ဒုံးကျည်းများဖြင့် ပစ်ခတ် (ရုပ်သံ)

by dvburma ရုရှားရေငုပ်သင်္ဘော တစီးကနေ ဆီးရီးယားနိုင်ငံ အိဒလစ်ဘ်မြို့က ဘာသာရေး စစ်ဝါဒီ ပစ်မှတ်တွေဆီကို ခရုဇ် ဒုံးကျည်တွေနဲ့ စက်တင်ဘာ ၂၂ ရက်နေ့ ပစ်လွှတ် တိုက်ခိုက်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။ ဒီသီတင်းပတ် အစောပိုင်းက ရုရှား တပ်ထိန်းရဲအုပ်စုတစုကို ထောင်ချောက်ဆင် ဝိုင်းဖို့ ကြိုးစားခဲ့တဲ့ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို ပစ်မှတ်ထားခဲ့တာလို့ လည်း ပြောပါတယ်။ “ဆီးရီးယားနိုင်ငံ အနောက် မြောက်ပိုင်း ဟားမားမြို့နားက အစိုးရ ထိန်းချုပ်ထားတဲ့ အစိတ်အပိုင်းတွေကို အိုင်အက်စ် တွေက တိုက်ခိုက်နေပါတယ်၊ ဒါကြောင့် ဆီးရီးယား အစိုးရဘက်ကနေ ကူညီပြီး မြေထဲပင်လယ်ထဲက ရုရှား ရေငုပ်သင်္ဘော ဗီလစ်ကီ နိုဗ်ဂိုရော့ဒ် ကနေ ပစ်ခတ်ခဲ့တာပါ၊  ရုရှား တပ်ထိန်းရဲ ၂၉ ယောက်ဟာ အိုင်အက်စ်တွေရဲ့ ဝိုင်းထားတာကို ခံနေရတယ်” လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဒါကြောင့် လေတပ်အင်အား ကျောထောက်နောက်ခံ နဲ့ အထူး စစ်ဆင်ရေး တရပ်အတွင်း ဝိုင်းထားတာကို ချိုးဖျက်ဖို့ အင်အားသုံးခဲ့ ပြီးပြီလို့လည်း ပြောပါတယ်။ စက်တင်ဘာ ၂၂ ရက်နေ့က ကီလိုမီတာ ၃၀၀ အကွာကနေ အိုင်အက်စ်တွေရဲ့ အမိန့်ပေး ဌာနတွေ၊ သံချပ်ကာယာဉ်တွေနဲ့ အခြေစိုက် စခန်းတွေကို ကာလီဘာ ခရုဇ် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
4 years Ago

August 25, 2017

အိုင်အက်စ်ပစ်မှတ်များကို တိုက်ခိုက်ခဲ့သည့် ဗွီဒီယို ဆီးရီးယားတပ်မတော် ထုတ်ပြန်


အိုင်အက်စ်ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့သည့... ဆီးရီးယားတပ်မတော်နဲ့ ဟဇ်ဘိုလာ ပြောက်ကျားတွေဟာ သြဂုတ် ၂၃ ရက်နေ့က ဆီးရီးယား-လက်ဘနွန် နယ်စပ်မှာရှိတဲ့ အိုင်အက်စ်ပစ်မှတ်တွေကို စနိုက်ပါတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့ ဗွီဒီယိုကို ဆီးရီးယားတပ်မတော်က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးကို သြဂုတ် ၂၀ ရက်နေ့က အိုင်အက်စ်နယ်မြေဖြစ်တဲ့ တောင်ထူထပ်ရာ အနောက်ပိုင်း ကာလာမုန်းဒေသမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ လက်ဘနွန်တပ်မတော်ကလည်း လက်ဘနွန်ပိုင်နက်အတွင်းရှိ အိုင်အက်စ်တွေကို သီးခြားတိုက်ခိုက်မှု ပြုလုပ်နေတာ ဖြစ်ပါတယ်။ လက်ဘနွန်တပ်မတော်နဲ့ ဆီးရီးယားတပ်မတော်တို့ရဲ့ ပူးပေါင်းစစ်ဆင်ရေးဟာ နိုင်ငံရေးအရ ထိရှလွယ်ပြီး အမေရိကန်နိုင်ငံရဲ့ လက်ဘနွန်အပေါ် အကူအညီပေးမှုကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက ဟဇ်ဘိုလာထိုးစစ်ကြောင့် နူဆာရာတပ်ဦး စစ်သွေးကြွတွေဟာ ဆီးရီးယားနိုင်ငံ အစ်ဒလစ်ပြည်နယ်ရှိ သူပုန်စခန်းကို ထွက်ပြေးခဲ့ပါတယ်။ လက်ဘနွန်နိုင်ငံရှိ ဟဇ်ဘိုလာတွေဟာ ဒရုန်းလေယာဉ်တွေကို အသုံးပြုပြီး ဒေသရှိ အိုင်အက်စ်တွေကို တိုက်ခိုက်နေတယ်လို့ စစ်ဘက်မီဒီယာက သြဂုတ် ၂၁ ရက်နေ့မှာ ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
More News
Up