အိုင်အက်စ်က ဒရုန်းယာဉ် အသုံးပြုပြီး မိုဆူးလ်မြို့ကို တိုက်ခိုက်

February 27, 2017

အိုင်အက်စ်က ဒရုန်းယာဉ် အသုံးပြုပြီး မိုဆူးလ်မြို့ကို တိုက်ခိုက် (ရုပ်သံ)

အိုင်အက်စ် စစ်သွေးကြွတွေက အီရတ်နိုင်ငံ မိုဆူးလ်မြို့ကို မောင်းသူမဲ့ ဒရုန်းလေယာဉ်ငယ်တွေသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ ဘီဘီစီရဲ့ မှတ်တမ်းရုပ်သံတခုမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဖေါ်ပြပါတယ်။ အိုင်အက်စ်တွေရဲ့ လက်နက်တိုက်ထဲမှာ လက်နက်အသစ်တွေ ရှိနေပြီလို့ ရုပ်သံသတင်းက ဆိုထားပါတယ်။ ဈေးကွက်ထဲက မောင်းသူမဲ့ ဒရုန်းယာဉ်ငယ်တွေကိုသုံးပြီး ဗုံးတွေ၊ လက်ပစ်ဗုံးတွေ ပစ်ချနေပါတယ်။ မှတ်တမ်းရုပ်သံထဲမှာ အသက် ၅၅ နှစ်ရှိ ကလေး ၇ ယောက်မိခင်ဟာ ဒရုန်းတိုက်ခိုက်မှုဒဏ်ကို ခံခဲ့ရပါတယ်။ သူမက "ကျမ မြေကြီးပေါ်မှာ ဝပ်နေတုန်း လူတွေ ကောင်းကင်ပေါ်ကို ညွှန်ပြကြတယ်။ ဗုံးက အဲ့ဒီကောင်းကင်ပေါ်က ကျလာတယ်" လို့ ပြောပါတယ်။ ရုပ်သံထဲမှာမြင်ရတဲ့ ဆေးရုံက ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရလာတဲ့ လူနာ ဒါဇင်ပေါင်းများစွာကို ကုသပေးနေတာပါ။ ဒီတိုက်ခိုက်မှုက ပဋိပက္ခအတွင်းမှာ နည်းအသစ်တခုပါ။ ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ ပဋိပက္ခတွေအတွက်လည်း တိုက်ခိုက်မှုနည်းလမ်းသစ် ဖြစ်နေမှာပါ။ ဒီနည်းစနစ်က အရမ်းကို သက်ရောက်မှုရှိလို့ လူထုတွေအတွက်တော့ အင်မတန်ကြမ်းကြုတ်တဲ့ သက်ရောက်မှုလို့ အရေးပေါ်ကယ်ဆယ်ကူညီရေးသမားတဦးက ပြောပါတယ်။
4 years Ago
Up