အိုင်အက်စ်က တပ်မဟာ ၃ ရပ်ပါ ကန္တရစစ်တပ် ဖွဲ့စည်းခဲ့ဟု လစ်ဗျား ပြော

September 29, 2017

အိုင်အက်စ်က တပ်မဟာ ၃ ရပ်ပါ ကန္တရစစ်တပ် ဖွဲ့စည်းခဲ့ဟု လစ်ဗျား ပြော

လစ်ဗျားနိုင်ငံအတွင်းက အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေဟာ သူတို့ရဲ့ ခြေကုပ်စခန်းရှိရာ စာတီမြို့ကို ဆုံးရှုံးအပြီး တပ်မဟာ ၃ ရပ်ပါတဲ့ ကန္တာရစစ်တပ်ကို ဖွဲ့စည်းလိုက်တယ်လို့ လစ်ဗျားအစိုးရ အကြီးတန်းရှေ့နေက စက်တင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။ ၇ လကြာ စာတီမြို့သိမ်းတိုက်ပွဲအတွင်းနဲ့ တိုက်ပွဲမတိုင်ခင်မှာ ရာနဲ့ချီတဲ့ စစ်သွေးကြွတွေဟာ စာတီမြို့ကနေ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ယုံကြည်ရပါတယ်။ လစ်ဗျားကမ်းရိုးတန်းမြို့ စာတီကို အိုင်အက်စ်တွေက ၂၀၁၅ ခုနှစ်တည်းက ထိန်းချုပ်ထားခဲ့တာပါ။ ကန္တာရစခန်းတွေထဲမှာ ခိုလှုံနေတဲ့ စစ်သွေးကြွတွေဟာ လတ်တလော သီတင်းပတ်တွေအတွင်း ရဲတင်းလာပြီး စာတီမြို့ အရှေ့ဘက်နဲ့ တောင်ဘက်က လမ်းတွေမှာ စစ်ဆေးရေးစခန်းတွေ ဆောက်လာခဲ့ကာ ဒေသခံစစ်တပ်ကိုလည်း ၂ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ စာတီမြို့ထဲက အိုင်အက်စ်တွေကို နှင်ထုတ်တဲ့ မြို့သိမ်းစစ်ဆင်ရေးကို အမေရိကန်က ပံ့ပိုးနေတာပါ။ အိုင်အက်စ်တွေရဲ့ ကန္တာရစခန်းတွေကို ပစ်မှတ်ထားပြီး စက်တင်ဘာ ၂၆ ရက်နေ့က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။
4 years Ago
Up