အိုင်ယာလန်နယ်စပ် အရေးကိစ္စမှာ ဗြိတိန်အနေနဲ့ အပြောင်းအလဲတွေလုပ်ဖို့ လိုအပ်တယ်လို့ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်က ပြောလိုက်ပါတယ်။
ဝန်ကြီးချုပ်မေက အကောက်ခွန်ယူနီယံကို အဓိကထားတဲ့ အယူအဆကို ပယ်ချခဲ့ပြီးနောက် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဂျွန်ဆင်ရဲ့ မှတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒီအတွက် ဘရဲဆစ် မူဝါဒကို အပြောင်းအလဲ လုပ်နိုင်တဲ့ မျှော်လင့်ချက်တွေ မှေးမှိန်ခဲ့ပါတယ်။
“ကျနော်ကတော့ အဆိုပြုနေတဲ့အရာကို ဂရုတစိုက် လေ့လာချင်ပါတယ်။ အဲဒါဟာ ဗြိတိန်ကို ဗြိတိန် အလိုကျ ထွက်ခွာမှုမျိုးပေးရပါမယ်။ အချိန်သတ်သတ်မှတ်မှတ် ဆန္ဒအလျောက် ထွက်ခွာနိုင်ရပါမယ်။ မဟုတ်ရင်တော့ ကျနော်တို့ရဲ့ ကုန်သွယ်ရေး မူဝါဒကို ထိထိရောက်ရောက် စီမံခန့်ခွဲစေနိုင်တဲ့ အီးယူအလိုကျ အစီအစဉ်တွေထဲမှာ ပိတ်မိနေပါလိမ့်မယ်။”
“အားလုံးမျှော်လင့်တာက နှစ်ဘက်စလုံးကို အောက်လွှတ်တော်မှာ တိုရီပါတီမှာ ငြင်းခုံနေတာကို ထားခဲ့ပြီး တခြားနေရာကို ရွေးစေလိုပါတယ်။ ဘရပ်ဆဲလ်ကို ၀န်ကြီးချုပ်သွားပြီး ကျနော်တို့ လိုနေတဲ့ အပြောင်းအလဲကို ရယူစေလိုပါတယ်။ ၀န်ကြီးချုပ်က သူလုပ်မယ်လို့ ပြောထားတယ်။ ကျွန်တော်ကတော့ အဲဒါကို မျှော်လင့်ချက်ကြီး လို့မြင်တယ်။ သူလုပ်နိုင်ရင် ကျနော်တို့ ပြိုင်ပွဲ ၀င်ရပြီ။ ကျနော်တို့ ဒီအကျပ်အတည်းက လွတ်မြောက်နိုင်တဲ့ အခွင့်အရေးရိရှင် စစ်မှန်တဲ့ ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ ပြုလုပ်ဖို့ နောက်တစ်ဆင့် ညှိနှိုင်းမှုတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်” လို့ ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က လေဘာပါတီခေါင်းဆောင် ဂျရယ်မီကိုဘင်ဟာ ဘရဲဆစ်သဘောတူညီချက်ကို ပါလီမန်မှာ ထောက်ခံဖို့ စည်းကမ်းချက်တွေ ချမှတ်ခဲ့ပါတယ်။
အဲဒီထဲမှာ ၀န်ကြီးချုပ်မေအနေနဲ့ ရှင်းလင်းလွယ်ကူပြီး ထာဝရတည်ရှိမယ့် ဗြိတိန်တလွှား အကောက်ခွန်ယူနီယံစနစ်ကို ကြိုးပမ်းဖို့ တောင်းဆိုထားပါတယ်။
4 years Ago