အိုင်ဖုန်း

January 4, 2019

တရုတ်တွင် အိုင်ဖုန်းရောင်းအား နည်းမှုကြောင့် အမြတ်ငွေ လျှော့ချခန့်မှန်း

တရုတ်နိုင်ငံမှာ အိုင်ဖုန်းရောင်းအား နည်းတာကြောင့် နောက်ဆုံး ၃ လပတ် အမြတ်ငွေကို အက်ပဲလ် ကော်ပိုရေးရှင်းက ဇန်နဝါရီ ၂ ရက်နေ့မှာ လျှော့ချ ခန့်မှန်းလိုက်ပါတယ်။ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ကုန်ဆုံးတဲ့ ပထမ ၃ လပတ်အတွက် အမြတ်ငွေကို ကုမ္ပဏီက  ဒေါ်လာ ၈၄ ဘီလျံ ခန့်မှန်းပြီး ဒါဟာ သုံးသပ်သူတွေ ခန့်မှန်းတဲ့ ဒေါ်လာ ၉၁ ဒသမ ၅ ဘီလျံအောက် လျော့နည်းခဲ့ပါတယ်။ မူလက အက်ပဲလ်ကုမ္ပဏီဟာ အမြတ်ငွေ ဒေါ်လာဘီလျံ ၈၉ နဲ့ ၉၃ ကြား ခန့်မှန်းထားတာပါ။ အိုင်ဖုန်း စတင်မိတ်ဆက်တဲ့ ၂၀၀၇ ခုနှစ်ကစလို့ ဒါဟာ အမြတ်ငွေထိန်းကျောင်းမှုနဲ့ ပတ်သက်လို့ အက်ပဲလ်ကုမ္ပဏီက ပထမဆုံးအကြိမ် သတိပေးချက် ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။ ကြေညာချက်မတိုင်မီ ရပ်တန့်ခဲ့တဲ့ အက်ပဲလ်ရှယ်ယာတွေဟာ ဈေးကွက်ပိတ်သိမ်းချိန်မှာ ၇ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးကို ဒေါ်လာ ဘီလျံ ၇၀၀ အောက် ဆွဲချခဲ့ပါတယ်။
3 years Ago

April 25, 2018

လူငယ်တဦးထံမှ အိုင်ဖုန်းလုပြီး ဓားဖြင့်ထိုးသတ်ခဲ့သူ ၂ ဦးအား တသက်တကျွန်းပြစ်ဒဏ်ချ

ထိုင်းနိုင်ငံမှာ လူငယ်တဦးရဲ့ အိုင်ဖုန်းကို လုယက်ပြီး ဓားနဲ့ထိုးသတ်ခဲ့တဲ့ တရားခံ ၂ ဦးကို ရာဇဝတ်ပြစ်မှုဆိုင်ရာ တရားရုံးက ဧပြီ ၂၄ ရက်နေ့မှာ မူလချမှတ်ထားတဲ့ သေဒဏ်အစား ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၄ ရက်နေ့က လက်ဖရာအိုဒေသတွင်းက ဆဲဗင်းအလဲဗင်း စတိုးဆိုင်ရှေ့မှာ ဖြစ်ခဲ့တာပါ။ ဆီရိနက်ခ်ရင်ဝီရော့တ် တက္ကသိုလ်က ဘွဲ့ရခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် ဝေဆင်းလွန်ချမ်းဟာ အဲဒီနေ့က စတိုးဆိုင်ရှေ့က လမ်းလျှောက်လာချိန်မှာ အမျိုးသား ၂ ဦးက ဘတ်ငွေ ၂ သောင်း ၆ ထောင် တန်ကြေးရှိတဲ့ အိုင်ဖုန်းကို လုယူပြီး သူ့ကို ဓားနဲ့ထိုးကာ ဆိုင်ကယ်မောင်းနှင် ထွက်ပြေးသွားခဲ့တာပါ။ ဝေဆင်းကိုတော့ ဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ပြီး မကြာခင်မှာပဲ ပြင်းထန်တဲ့ ဓားထိုးဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူ ကီတိခွန်ဝိခ်ဟာနဲ့ ဆူဖက်ချိုင် ချန်ဒရူတို့ဟာ တရားရုံးမှာ အသနားခံစာ တင်သွင်းခဲ့ပြီးနောက်မှာမှ ခုလို ပြင်ဆင်ပြစ်ဒဏ် ချမှတ်လိုက်တာပါ။ သူတို့ ၂ ဦးဟာ ပြစ်မှုကျူးလွန်ခဲ့တာ ထင်ရှားပြီး ပြုလုပ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တဲ့အတွက် ခုလို ပြင်ဆင်ချမှတ်ခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
3 years Ago
More News
Up