အမေရိကန်နိုင်ငံမှာ ဒီနေ့မနက် ယှဉ်ပြိုင်သွားတဲ့ နိုင်ငံတကာ ချန်ပီယံဖလား (အိုင်စီစီ) ပြိုင်ပွဲမှာ ဘာစီလိုနာအသင်းက မန်ယူအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ဘာစီလိုနာအသင်းအတွက် အနိုင်ဂိုးကိုတော့ ပထမပိုင်း ၃၁ မိနစ်မှာ မက်ဆီပေးပို့တဲ့ ဘောလုံးကို မန်ယူနောက်ခံလူဗလင်စီယာ တားဆီးရာကနေ လဲကျပြီးနောက် နေမာက အနီးကပ် သွင်းယူခဲ့တာဖြစ်ပါတယ်။
အိုင်စီစီချန်ပီယံဖလားပြိုင်ပွဲမှာပဲ အခုလက်ရှိယှဉ်ပြိုင်ကစားနေတဲ့ ပီအက်စ်ဂျီအသင်းနဲ့ ဂျူဗင်တပ်တို့ ပွဲမှာတော့ ပွဲချိန် မိနစ် ၇၀ အထိ ဂျူဗင်တပ်က ၂-၁ ဂိုးနဲ့ အနိုင်ရရှိနေပါတယ်။
အိုင်စီစီဖလားပြိုင်ပွဲမှာ ဘာစီလိုနာက ၂ ပွဲကစား၊ ၂ ပွဲနိုင် ရမှတ် ၆ မှတ်နဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပြီး မန်ယူအသင်းက ၃ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲရှုံး ရမှတ် ၅ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။
ရိုးမားက ရမှတ် ၄ မှတ်၊ စပါးစ်က ၃ မှတ်၊ ပီအက်စ်ဂျီက ၃ မှတ်၊ ရီးရဲလ်က ၁ မှတ်၊ မန်စီးတီးအသင်းက အမှတ်မရရှိသေးပဲ ရပ်တည်နေကြပါတယ်။
6 years Ago