အိုက်အက်စ်များကို တိုက်ခိုက်ရန် ဒရုန်းယာဉ် အသုံးပြုခဲ့ဟု ဟဇ်ဘိုလာ ကြေညာ

August 23, 2017

အိုက်အက်စ်များကို တိုက်ခိုက်ရန် ဒရုန်းယာဉ် အသုံးပြုခဲ့ဟု ဟဇ်ဘိုလာ ကြေညာ

လက်ဘနွန်နိုင်ငံက ဟဇ်ဘိုလာ ပြောက်ကျားတပ်ဟာ လက်ဘနွန်-ဆီးရီးယား နယ်စပ်က အိုင်အက်စ် စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ မောင်းသူမဲ့ ဒရုန်းယာဉ်တွေ သုံးခဲ့တယ်လို့ ဟဇ်ဘိုလာတွေရဲ့ စစ်ဘက်မီဒီယာက သြဂုတ် ၂၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ဒါဟာ ဘယ်လိုလက်နက်မျိုးကို သုံးတယ်ဆိုတာ ပထမဆုံး လူသိရှင်ကြား ထုတ်ပြန်ကြေညာတာလည်း ဖြစ်ပါတယ်။ လက်ဘနွန်နဲ့ နယ်စပ်နား ကာလာမောင်ဒေသ အနောက်ခြမ်းက အိုင်အက်စ်တွေရဲ့ တပ်စခန်းတွေ၊ ကတုတ်ကျင်းနဲ့ ခံတပ်တွေကို ပစ်ခတ်ဖို့ ဒရုန်းတွေကို သုံးခဲ့တာလို့ စစ်တပ်မီဒီယာက ပြောပါတယ်။ ဒရုန်းယာဉ်ကနေ ရိုက်ကူးထားတဲ့ ရုပ်သံတွေကိုလည်း ပြန်ကြားရေးတပ်က ဖြန့်ချိပါတယ်။ ရုပ်သံထဲမှာ ခဲယမ်းမီးကျောက် ပုံစံ ၂ မျိုးကို ပြထားပြီး မြေပြင်ပေါ် ကြဲချလို့ ပစ်မှတ်ကို ထိတာနဲ့တပြိုင်နက် ပေါက်ကွဲသွားတာကို တွေ့ရပါတယ်။ သြဂုတ် ၁၉ ရက် အစောပိုင်းက ဟဇ်ဘိုလာတွေနဲ့ ဆီးရီးယားစစ်တပ်တို့ဟာ အိုင်အက်စ်တွေရဲ့ စစ်စခန်းတွေကို စတင် ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up