အိုက်အက်စ်က အီရက်စစ်ဝတ်စုံများဝတ်ပြီး အမျိုးသားတဦးကို ပစ်သတ်သည့်ရုပ်သံ ထွက်ပေါ်

October 30, 2016

အိုက်အက်စ်က အီရက်စစ်ဝတ်စုံများဝတ်ပြီး အမျိုးသားတဦးကို ပစ်သတ်သည့်ရုပ်သံ ထွက်ပေါ်

အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေဟာ အီရက်စစ်သားတွေလို ဝတ်ဆင်ခဲ့ပြီး အမျိုးသားတဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ထိတ်လန့်ဖွယ် ရုပ်သံတခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ အိုင်အက်စ်တပ်သားတွေဟာ တိုက်ပွဲအတွင်း ထွက်ပြေးခဲ့ကြပြီး ပြန်ဖမ်းမိခဲ့တဲ့ သူတို့ရဲ့တပ်ပြေးတွေကို ဆီပူတွေနဲ့ သေတဲ့အထိ ထည့်ချက်ပြုတ်ခဲ့တဲ့အကြောင်း Mirror သတင်းဌာနမှ ဒီအပတ်အစောပိုင်းတုန်းက သတင်းထုတ်ပြန်ပြီးနောက် ဒီဗွီဒီယိုကလစ် ထွက်ပေါ်ခဲ့တာပါ။ ဗွီဒီယိုရုပ်သံထဲမှာတော့ အမျိုးသားတစ်ဦးဟာ လက်တွေကို ကြိုးချည်ခံထားရပြီး မြေပြင်ပေါ်မှာ ဒူးထောက်လှဲခိုင်းကာ အိုင်အက်စ်အကြမ်းဖက်တိုက်ခိုက်ရေးသမားတွေက အဓိကသေနိုင်မယ့် နေရာကို သေနတ်တွေနဲ့ပစ်လိုက်တာပါ။ ဒီအမျိုးသားအသတ်ခံရပြီးနောက် အိုင်အက်စ်တွေဟာ ဂျီဟက်ဒ်လုပ်တဲ့သူတွေက မကြာခဏသုံးလေ့ရှိတဲ့ “Rafidhi” ဆိုတဲ့ စကားလုံးကို အော်နေကြတာလည်း ရုပ်သံဖိုင်ထဲမှာ တွေ့ရပါတယ်။ ဒီဗွီဒီယိုနဲ့ပတ်သက်ပြီး သီခြားသက်သေမပြနိုင်ပေမယ့် ဒါဟာ နောက်ထပ်တပ်သားစုဆောင်းဖို့ ရည်ရွယ်ချက်တွေနဲ့ ရိုက်ကူးခဲ့တာလို ယူဆနေကြပါတယ်။ မိုဆူးမြို့မှာရှိတဲ့ မြို့သားတွေကို အိုင်အက်စ်တပ်တွေထဲ ဝင်ရောက်လာဖို့ တိုက်တွန်းချင်တဲ့ ရည်ရွယ်ချက် ရှိတယ် ထင်နေကြတာပါလို့ Al Masdar သတင်းဌာနက ပြောလိုက်ပါတယ်။ အမေရိကန်ရဲ့ကျောထောက်နောက်ခံ ပူးပေါင်းရေးတပ်ဖွဲ့တွေ၊ ယူကေနိုင်ငံရဲ့ အထူးတပ်တွေနဲ့အတူ အိုင်အက်စ်တွေကို တိုက်ခိုက်နေကြတဲ့ အီရက်အစိုးရတပ်တွေကတော့ မိုဆူးလ်မြို့ကို ပြန်လည်ရယူဖို့ အားထုတ်နေကြပါတယ်။ ခုချိန်ထိတော့ ရွာနဲ့မြို့ပေါင်း ၉၀ ခန့်ဟာ အိုင်အက်စ်တွေရဲ့လက်ကနေ လွတ်မြောက်ခဲ့ပြီး တော့ဘ်ဇဝမြို့နဲ့ အနီးအနားမြို့က လူတွေကိုတော့ သူတို့ရဲ့လုံခြုံရေးအတွက် ဂါဇာဒေသက စခန်းတွေထဲကို ပို့ဆောင်ထားတယ်လို့ အီရက်အထူးစစ်တပ်ရဲ့ စစ်အရာရှိ တဦးဖြစ်သူ ဟေဒါဖက်ဟေလ်က အတည်ပြုပြေကြားလိုက်ပါတယ်။
6 years Ago
Up