အိုက်စ်မူးယစ်များ ဖမ်းမိ

April 20, 2018

တာချီလိတ်တွင် ငွေကျပ်သိန်းပေါင်း ၄ သောင်း တန်ဖိုးရှိ အိုက်စ်မူးယစ်များ ဖမ်းမိ

တာချီလိတ်မြို့နယ်မှာ ငွေကျပ်သိန်းပေါင်း ၄၀,၀၀၀ တန်ဖိုးရှိ အိုက်စ်တွေ ဖမ်းဆီးရမိတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဧပြီ ၁၉ ရက်နေ့ မနက်ပိုင်းက မူးယစ်တပ်ဖွဲ့စု ၃၀ တာချီလိတ်မှ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ တာချီလိတ်မြို့နယ်၊ ဝမ်လုံအုပ်စု၊ လွယ်စီတုံကျေးရွှာအဝင်လမ်းမှာ မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေစဉ် အားဂျာ မောင်းနှင်လာတဲ့ မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ယာဉ်နောက်ခန်းအတွင်းမှ ဆာလာအိတ် ၆ အိတ်နဲ့ ထည့်ထားတဲ့ အိုက်စ် အလေးချိန် ၂၀၀ ကီလိုကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အားဂျာ ၃၅ နှစ် အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။
3 years Ago
Up