အိုက်စလန်တွင် တရုတ်ကမ္ဘာလှည့်ခရီးသည်များ စီးလာသည့်ကား တိမ်းမှောက်၊ ၁ ဦးသေဆုံး

December 29, 2017

အိုက်စလန်တွင် တရုတ်ကမ္ဘာလှည့်ခရီးသည်များ စီးလာသည့်ကား တိမ်းမှောက်၊ ၁ ဦးသေဆုံး

အိုက်စလန်နိုင်ငံမှာ ဒီဇင်ဘာ ၂၇ ရက်က တရုတ်ကမ္ဘာလှည့်ခရီးသည်တွေ စီးနင်းလိုက်ပါလာတဲ့ ဘတ်စ်ကားတစီး တိမ်းမှောက်ခဲ့တဲ့အတွက် အနည်းဆုံး လူတဦး သေဆုံးခဲ့ပြီး နောက်ထပ် ၁၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ၂ ဦးရဲ့ အခြေအနေက စိုးရိမ်ရပါတယ်။ ဒီဇင်ဘာ ၂၇ ရက်နေ့က အိုက်စလန်နိုင်ငံရဲ့ မြို့တော် ရေဂျာမစ်ကနေ ကီလိုမီတာ ၂၅၀ အကွာမှာရှိတဲ့ အဝေးပြေးလမ်းမပေါ်မှာ တရုတ်နိုင်ငံသား ၄၄ ဦး လိုက်ပါလာတဲ့ ဘတ်စ်ကားတစီးဟာ တခြားကားတစီးကို တိုက်မိပြီးနောက် လမ်းချော်တိမ်းမှောက်ခဲ့တာပါ။ အိုက်စလန်နိုင်ငံရှိ တရုတ်သံရုံး ကောင်စစ်ဝန်ဌာန ဝန်ထမ်းတဦးက “ဆေးရုံကရတဲ့ နောက်ဆုံးသတင်းတွေအရ တရုတ်နိုင်ငံသား ၂ ဦး ဆေးရုံအထူးကြပ်မတ်ဆောင်မှာ ကုသမှု ခံယူနေရပါတယ်။ ကျန်ဒဏ်ရာရသူတွေကတော့ အခြေအနေ တည်ငြိမ်မှုရှိပါတယ်။ အိုက်စလန်ဆေးရုံအနေနဲ့ တရုတ်နိုင်ငံသားတွေကို အကောင်းဆုံး ကုသပေးဖို့နဲ့ ရဲတပ်ဖွဲ့ကလည်း ယာဉ်တိုက်မှုဖြစ်ရတဲ့ အကြောင်းရင်းကို အမြန်ဆုံး စုံစမ်းဖော်ထုတ်ပေးဖို့ ကျနော်တို့ တိုက်တွန်းပါတယ်။ ဒါ့အပြင် ခရီးစဉ်ကိုစီစဉ်တဲ့ ကုမ္ပဏီအနေနဲ့လည်း သက်ဆိုင်ရာ အလုပ်တွေကို လုပ်ဖို့၊ ဖြစ်စဉ်ကို မှန်မှန်ကန်ကန် ကိုင်တွယ်ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
3 years Ago
Up