အုပ်ချုပ်ရေးမှူးဟောင်းနှင့် ဇနီး

May 31, 2021

ဟိုးကပ်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းနှင့် ဇနီး ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဟိုးကပ်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးဟောင်းနဲ့ဇနီး တို့ဟာ မေ ၃၀  ရက်ညက အမည်မသိလက်နက်ကိုင်တွေရဲ့ ပစ်သတ်တာ ခံလိုက်ရတယ်လို့ သိရပါတယ်။

“မိုးချုပ်ခါစ ည‌  ၇ နာရီလောက်မှာ အမည်မသိ လက်နက်ကိုင်တွေက ပစ်သွားတာတဲ့ mask တွေပါအုပ်ထားတော့ ဘယ်သူဘယ်ဝါမှန်း မသိလိုက်ဘူး” လို့ ဟိုးကပ်ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်လီဆွေဟာ ဝိုင်းမော်ဒေသခံဖြစ်ပြီး မြစ်ကြီးနား ဆင်ဘိုသွားလမ်းမပေါ်မှာရှိတဲ့ ဟိုးကပ်ရွာမှာ အချိန်အတော်ကြာ အုပ်ချုပ်ရေးမှူး လုပ်ခဲ့သူဖြစ်ပါတယ်။

အာဏာသိမ်းချိန် ဖေဖော်ဝါရီလမှာ တာ၀န်မှ အနားယူထားတာဖြစ်ပြီး လက်ရှိ သူတို့ရဲ့ အလောင်းတွေကို ဟိုးကပ်ရွာမှ ဝိုင်းမော်နေအိမ်ကို သယ်ဆောင်သွားပြီလို့ သိရပါတယ်။

8 months Ago
Up