ဟောင်ကောင် အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်းက ဆန္ဒပြပွဲတွေဟာ ဆားစ်ရောဂါထက် ဟောင်ကောင်ကို စီးပွားရေးအရ ပိုအထိနာစေတယ်လို့ သြဂုတ် ၉ ရက်မှာ ပြောလိုက်ပါတယ်။
အုပ်ချုပ်ရေးမှူးချုပ် ကယ်ရီလမ်းက ဟောင်ကောင်မှာ ကြုံတွေ့ခဲ့ရတဲ့ ဆားစ်ရောဂါ၊ ဘဏ္ဍာရေး ကသောင်းကနင်း အခြေအနေတွေနဲ့ နှိုင်းယှဉ်ရင် ဒီတကြိမ် စီးပွားရေးအပေါ် သက်ရောက်တာ ပိုဆိုးရွားတယ်လို့ ဆိုပါတယ်။
ဒီအတွက် ဟောင်ကောင်စီးပွါးရေး နာလန်ထဖို့ ကြာလိမ့်မယ်လို့ သူကပြောပါတယ်။ အုပ်ချုပ်ရေးမှူးချုပ် လမ်း ပြောကြားချိန်မှာ သူ့နံဘေးမှာ စီးပွားရေးခေါင်းဆောင်တွေ ဝန်းရံခဲ့ပါတယ်။
စီးပွားရေးကျတာက ဆူနာမီလိုဖြစ်တယ်လို့လည်း သူက မီဒီယာကို ပြောခဲ့ပါတယ်။ နိုင်ငံရေး ပြသနာကို ဖြေရှင်းရာမှာ အကြမ်းဖက်ဆန္ဒပြသူတွေ တောင်းဆိုတာ လိုက်လျောပြီး သူတို့နှုတ်ပိတ်သွားအောင် မလုပ်သင့်ဘူးလို့ပြောပါတယ်။
လောလောဆယ် အဖြစ်သင့်ဆုံးဟာ အကြမ်းဖက်တာကို ရပ်တန်းကရပ်ပြီး ပရမ်းပတာအခြေအနေကို လက်မခံသင့်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ လမ်းကပြောခဲ့ပါတယ်။
Zawgyi Version
ဆႏၵျပပြဲမ်ားေၾကာင့္ ေဟာင္ေကာင္စီးပြားေရး ပိုအထိနာဟု အုပ္ခ်ဳပ္ေရးမႉးေျပာ
DVB
ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးမႉးခ်ဳပ္ ကယ္ရီလမ္းက ဆႏၵျပပြဲေတြဟာ ဆားစ္ေရာဂါထက္ ေဟာင္ေကာင္ကို စီးပြားေရးအရ ပိုအထိနာေစတယ္လို႔ ၾသဂုတ္ ၉ ရက္မွာ ေျပာလိုက္ပါတယ္။
အုပ္ခ်ဳပ္ေရးမႉးခ်ဳပ္ ကယ္ရီလမ္းက ေဟာင္ေကာင္မွာ ႀကဳံေတြ႕ခဲ့ရတဲ့ ဆားစ္ေရာဂါ၊ ဘ႑ာေရး ကေသာင္းကနင္း အေျခအေနေတြနဲ႔ ႏႈိင္းယွဥ္ရင္ ဒီတႀကိမ္ စီးပြားေရးအေပၚ သက္ေရာက္တာ ပိုဆိုး႐ြားတယ္လို႔ ဆိုပါတယ္။
ဒီအတြက္ ေဟာင္ေကာင္စီးပြါးေရး နာလန္ထဖို႔ ၾကာလိမ့္မယ္လို႔ သူကေျပာပါတယ္။ အုပ္ခ်ဳပ္ေရးမႉးခ်ဳပ္ လမ္း ေျပာၾကားခ်ိန္မွာ သူ႔နံေဘးမွာ စီးပြားေရးေခါင္းေဆာင္ေတြ ဝန္းရံခဲ့ပါတယ္။
စီးပြားေရးက်တာက ဆူနာမီလိုျဖစ္တယ္လို႔လည္း သူက မီဒီယာကို ေျပာခဲ့ပါတယ္။ ႏိုင္ငံေရး ျပသနာကို ေျဖရွင္းရာမွာ အၾကမ္းဖက္ဆႏၵျပသူေတြ ေတာင္းဆိုတာ လိုက္ေလ်ာၿပီး သူတို႔ႏႈတ္ပိတ္သြားေအာင္ မလုပ္သင့္ဘူးလို႔ေျပာပါတယ္။
ေလာေလာဆယ္ အျဖစ္သင့္ဆုံးဟာ အၾကမ္းဖက္တာကို ရပ္တန္းကရပ္ၿပီး ပရမ္းပတာအေျခအေနကို လက္မခံသင့္ဘူးလို႔ သတင္းစာရွင္းလင္းပြဲမွာ လမ္းကေျပာခဲ့ပါတယ္။
2 years Ago