အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးကွဲ

August 5, 2021

တောင်တွင်းကြီးရှိ မောင်းတိုင် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် ဗုံးကွဲ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ နတ်မောက်လမ်းပေါ်မှာရှိတဲ့ မောင်းတိုင် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဌေးငွေရဲ့နေအိမ်မှာ ဩဂုတ်လ ၅ ရက် မနက် ၅ နာရီလောက်က ဗုံး တစ်လုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

''မနက်အစောကြီး ၅ နာရီလောက်ဖြစ်မယ်။ အုန်းဆိုတဲ့အသံအကျယ်ကြီးကြားလို့ ကြည့်လိုက်တော့ ကိုဌေးငွေအိမ်က မီးခိုးတွေတွေ့တယ်။ အခုတော့ အဲဒီအိမ်ကို ရဲတွေ စစ်သား တွေ ဝင်လိုက်ထွက်လိုက်နဲ့ လူတွေရှုပ်လို့'' လို့  ရက်ကွက်နေသူ တစ်ဦးက ပြောပါတယ်။

ဦးဌေးငွေဟာ လူထုက ရွေးချယ်ခြင်းခံရပြီးဖြစ်လာတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး မဟုတ်ဘဲ စစ်တပ်ကအာဏာသိမ်းပြီး စစ်ကောင်စီကခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူး တစ်ဦးဖြစ်ပါတယ်။

အခုလို ဗုံးပေါက်ကွဲတာနဲ့ပတ်သက်လို့ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က သူတို့ လုပ်ဆောင်ခဲ့ကြောင်းနဲ့ စစ်ကောင်စီ ယန္တရားထောက်တိုင်များကို မကြာခဏတိုက်ခိုက်သွား မှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

4 months Ago
Up