အုပ်စုအဆင့်မှ လွတ်မြောက် (ရုပ်သံ)

November 3, 2017

ယူရိုပါလိဂ်တွင် အာဆင်နယ်က အုပ်စုအဆင့်မှ လွတ်မြောက် (ရုပ်သံ)

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိ အုပ်စု (H) ပွဲစဉ်မှာ အာဆင်နယ်က ရက်စတား ဘဲလ်ဂရိတ်အသင်းနဲ့ ဂိုးမရှိ သရေကျပေမယ့် အုပ်စုအဆင့်ကနေ လွတ်မြောက်သွားပါတယ်။ အာဆင်နယ်က ကွင်းလယ်မှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ထိုးဖောက် ကန်သွင်းခွင့်မှာတော့ အပြန်အလှန် ရခဲ့ပါတယ်။ အာဆင်နယ် တိုက်စစ်မှူး ဂျီရုပ်နဲ့ ကွင်းလယ်သမား ဝီရှိုင်းယားတို့ အခွင့်အရေးတွေ ရပေမယ့် တဖက် ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဆားဘီယားကလပ်ဟာ ခံစစ်ကစားပုံ ကောင်းခဲ့ပြီး မာမာထန်ထန် တုံ့ပြန်ကစားနိုင်ခဲ့ပါတယ်။ ရက်စတား ဘဲလ်ဂရိတ်အသင်းဟာ အင်္ဂလိပ်အသင်းတွေနဲ့ ဆုံတုန်း ဂိုးမပေးရတဲ့ စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ ဒီပွဲသရေ ကျပေမယ့်လည်း အာဆင်နယ်က အုပ်စု (H) မှာ ၁၀မှတ်နဲ့ ဦးဆောင်နေပြီး ရက်စတား ဘဲလ်ဂရိတ်အသင်းက ၅ မှတ်နဲ့ ဒုတိယ နေရာမှာ ရပ်တည်နေပါတယ်။ အုပ်စု အနေအထားအရ လက်ကျန်ပွဲ ၂ ပွဲ ကျန်ပေမယ့် အာဆင်နယ်က ဒုတိယနေရာက အသင်းကို ၅ မှတ် ဖြတ်ထားနိုင်လို့ အုပ်စုအဆင့်ကနေ လွတ်မြောက်သွားပြီ ဖြစ်ပါတယ်။
4 years Ago
Up