အမေရိကန်နိုင်ငံတောင်ပိုင်း၊ ကယ်လီဖိုးနီးယားပြည်နယ် ကမ်းရိုးတန်းတလျှောက်မှာ ရာနဲ့ချီတဲ့ လင်းပိုင်အုပ်စု ပျော်ရွှင်မြူးထူးစွာ ကူးခပ်ခဲ့ကြတာကို ဝေလငါးစောင့်ကြည့်ရေးအဖွဲ့က ရုပ်သံဗွီဒီယိုဖိုင်နဲ့ မှတ်တမ်းတင်နိုင်ခဲ့ကြပါတယ်။
ဘယ်လိုအကြောင်းချင်းရာကြောင့်မှန်း မသိဘဲ လင်းပိုင်တွေဟာ ရေထဲမှာ ခုန်ပေါက်ပြေးလွှား ကူးခပ်နေကြတာကို ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို ကပ္ပတိန်ဒေ့ဗ် လင်းပိုင်နဲ့ ဝေလငါးရေအောက်ကမ္ဘာမှ မှတ်တမ်းတင်ခဲ့တာဖြစ်ပြီး ရေအောက်နို့တိုက်သတ္တ၀ါတွေရဲ့ လှုပ်ရှားမှုအဖြစ် ပြသခဲ့တာပါ။
အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင် ဒေ့ဗ်အန်ဒါဆင်က “လင်းပိုင်တွေ ခုလိုမြူးထူး ပျော်ပါးကြတာဟာ ကျနော့်ရဲ့ နှစ်ပေါင်း ၂၀ ကြာ ဝေလငါးစောင့်ကြည့်ခဲ့ချိန် ကာလအတွင်းမှာ အံ့သြစရာ အကောင်းဆုံး ဖြစ်ရပ်တခုပါပဲ။ ဒါဟာ လုံးဝကို ပျော်ရွှင်စရာကောင်းတယ်” လို့ လော့စ်အိန်ဂျလိစ်တိုင်းမ်သတင်းကို ပြောပါတယ်။
5 years Ago