အုပ်ချုပ်ရေးမဏ္ဍိုင် ချုပ်ကိုင်ရေး လွှတ်တော်က ဦးစားပေးလုပ်နေဟုဆို

June 17, 2015

လွှတ်တော်ကို ဝေဖန်သည့်ဆောင်းပါးဖြန့်ဝေမှု လွှတ်တော်တွင် ဆွေးနွေး

လွှတ်တော်ကို ဝေဖန်ထားတဲ့ ဆောင်းပါးမိတ္တူ လွှတ်တော်ကိုယ်စားလှယ်တွေထံ လာရောက်ဖြန့်ဝေခဲ့မှုအပေါ် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ပြီး ဒီလုပ်ရပ်ဟာ အစိုးရနဲ့ လွှတ်တော်ကြား သပ်လျှိုသွေးခွဲတဲ့ လုပ်ရပ်လို့ ဆွေးနွေးခဲ့တဲ့ အလုံမြို့နယ်အမတ် ဦးခိုင်မောင်ရည်က ပြောပါတယ်။ ဒီနေ့ကျင်းပတဲ့ ပြည်ထောာင်စုလွှတ်တော်မှာ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး အဲ့ဒီဆောင်းပါးဟာ ဇွန် ၁၄ ရက်ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြခဲ့တဲ့ ရန်ကင်းဆိုသူရေးတဲ့ လွှတ်တော်ကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတဲ့ဆောင်းပါး ဖြစ်ပါတယ်။ [caption id="attachment_31724" align="alignleft" width="310"]ဦးခိုင်မောင်ရည် ဦးခိုင်မောင်ရည်[/caption] အဲ့ဒီဆောင်းပါးမိတ္တူတွေ လွှတ်တော်ကိုယ်စားလှယ်တွေ ထံ လာရောက်ဖြန့်ဝေခဲ့ပုံကို ဦးခိုင်မောင်ရည်က “ဒီဆောင်းပါးကို ကော်ပီ ဆွဲပြီးတော့ မနေ့ည မှောင်မှ စည်ပင်ဧည့်ရိပ်သာမှာ လာဝေတယ်။ ကျနော့်အခန်းကို တံခါးလာခေါက်တဲ့ အခါမှာ ပြန်ကြားရေး ၀န်ကြီးဌာနက စာ ပေးလိုက်လို့ပါတဲ့၊ လာပေးတဲ့သူတွေက စည်ပင်ဝန်ထမ်း ၂ယောက်၊ စာအိတ်မှာ ဘာနာမည်မှ တပ်မထားဘူး၊ ဖွင့်လိုက်တဲ့အခါကျတော့ အဲ့ဒီဆောင်းပါး တွေ့တယ်။ အပြင်ထွက် ကြည့်လိုက်တဲ့အခါကျတော့ ကျန်တဲ့အဆောင်တွေလည်း အဲ့ဒီအတိုင်းပဲ လိုက်ပေးတယ်” လို့ ပြောပါတယ်။ ရန်ကင်းဆောင်းပါး အခုလို လာဝေသွားတာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် အယောက် ၅၀ လက်မှတ်နဲ့ လွှတ်တော်နာယကထံတင်ပြပြီး ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ လွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်က ဆက်လက် လုပ်ဆောင်ပေးမယ်လို့ ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။ ရန်ကင်းဆောင်းပါးမိတ္တူတွေကို ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေထံ ဖြန့်ဝေခဲ့ခြင်းတော့ မရှိပါဘူး။ ဆောင်းပါးရှင်ရန်ကင်းရဲ့ အမွေကောင်းကောင်းရချင်တယ်ဆိုတဲ့ ဆောင်းပါးမှာ မြန်မာလွှတ်တော်ဟာ  အုပ်ချုပ်ရေး မဏ္ဍိုင်ကို ချုပ်ကိုင်ဖို့နဲ့  လွှတ်တော်ကိုယ်စားလှယ်တွေ အခွင့်အရေးရဖို့ပဲ ဦးစားပေးလုပ်နေတယ်လို့ ဝေဖန်ရေးသားထားပါတယ်။ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်က ရုပ်သိမ်းပိုင်ခွင့်ရှိတဲ့ ဥပဒေမူကြမ်းကို လွှတ်တော်မတင်ဘဲ ထားတာ ဘယ်သူလဲလို့ ဆောင်းပါးရှင်က မေးခွန်း ထုတ်ထားပါသေးတယ်။ ဒါနဲ့ပတ်သက်ပြီး လွှတ်တော်ထဲ ဒီနေ့ ဆွေးနွေးခဲ့တဲ့ ဦးခိုင်မောင်ရည်က လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ဝေဖန်လို့ရပေမယ့် အခု လုပ်ရပ်ကတော့ အစိုးရနဲ့ လွှတ်တော်ကြား သပ်လျှိုမှုတခုလို့ သုံးသပ် ပြောပါတယ်။ “ပြည်ခိုင်ဖြိုးပါတီနဲ့ အတိုက်အခံပါတီ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကြားထဲမှာ သပ်လျှိုမှုတခုလို့ မြင်တယ်။ အဲ့ဒီအပြင် လွှတ်တော်နဲ့အစိုးရနဲ့ ကြားထဲမှာလည်း သပ်လျှိုမှုတခုလို့ မြင်တယ်။” ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ပြည်ထောင်စုလွှတ်တော်ရုံးက လွှတ်တော်ရုံးရဲ့ ခွင့်ပြုချက်ယူပြီးမှ လွှတ်တော်ထဲ စာဖြန့်ဝေဖို့ ညွှန်ကြားချက်ထုတ်ခဲ့ပါသေးတယ်။ ဒီညွှန်ကြားချက်ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်းမှာပဲ ရန်ကင်းဆောင်းပါးကို ကိုယ်စားလှယ်တွေထံ ခုလို ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။ ဥပဒေအထက်မှာ လွှတ်တော်ရှိတယ်လို့ ဝေဖန်ရေးသားခဲ့တဲ့ ဆောင်းပါးရှင် ဒေါက်တာဆိတ်ဖွားကို လွှတ်တော်မှာ စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ဖူးပါတယ်။
6 years Ago

June 14, 2015

အုပ်ချုပ်ရေးမဏ္ဍိုင် ချုပ်ကိုင်ရေး လွှတ်တော်က ဦးစားပေးလုပ်နေဟုဆို

မြန်မာလွှတ်တော်ဟာ  အုပ်ချုပ်ရေး မဏ္ဍိုင်ကို ချုပ်ကိုင်ဖို့နဲ့  လွှတ်တော်ကိုယ်စားလှယ်တွေ အခွင့်အရေးရဖို့ပဲ ဦးစားပေး လုပ်နေတယ်လို့ အစိုးရသတင်းစာပါ ဆောင်းပါးက ဝေဖန်ရေးသား လိုက်ပါတယ်။ ဇွန် ၁၄ ရက်ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာ ၂ စောင်စလုံးမှာ ဆောင်းပါးရှင် ရန်ကင်းဆိုသူ ရေးသားတဲ့ အမွေကောင်းကောင်းရချင်တယ်ဆိုတဲ့ ဆောင်းပါးမှာ လွှတ်တော်ကို အခုလို ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားဖော်ပြခဲ့တာပါ။ ဆောင်းပါးရှင်က “လွှတ်တော်ကြီး အားကောင်းလာတယ် အားကောင်းလာတယ်လို့ တစ်တီတူးငှက်၊ ဇီးကွက်ငှက်နဲ့ တောက်တဲ့ တို့လို ကိုယ့်ကိုယ်ကိုယ်ဖော် အော်နေမယ့်အစား ပြည်သူတွေရဲ့ ဝေဖန် သုံးသပ်ချက်များလည်း နားထောင်ကြပါဦးလား ခင်ဗျာ။ ပြည်သူအများစုက ပြောနေကြတယ်။ လွှတ်တော် အားကောင်းလာတာ နှစ်ချက်ပဲရှိတယ်။ တစ်အချက်က အုပ်ချုပ်ရေး မဏ္ဍိုင်ကို ထိန်းညှိခြင်း (ချုပ်ကိုင်လိုခြင်း) တွေကိုပဲ အများဆုံး လုပ်နေပါသတဲ့။ နှစ် အချက်က လွှတ်တော် ကိုယ်စားလှယ်များနဲ့ လွှတ်တော်ရဲ့ အခွင့်အရေးတွေကို ဦးစားပေး လုပ်နေပါသတဲ့။ ဂျာနယ်တွေ၊ ဖေ့စ်ဘွတ်ခ်တွေဖတ်ရင် ဒါတွေပဲ တွေ့နေရပါတယ်။ ပြည်သူတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အဖြစ် တကယ်ပဲ ဖြစ်ချင်တာလား ခင်ဗျာ။ ဒါဆိုရင်တော့ ကိုယ့်ကို မဲပေး တင်မြှောက်ထားတဲ့ ပြည်သူကိုလည်း လေးစားသင့်တာပေါ့” လို့ ဆောင်းပါးတနေရာမှာ ရေးသားထားပါတယ်။ တခါ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်က ရုပ်သိမ်းပိုင်ခွင့်ရှိတဲ့ ဥပဒေမူကြမ်းကို လွှတ်တော်မတင်ဘဲ ထားတာ ဘယ်သူလဲလို့ ဆောင်းပါးရှင်က မေးခွန်း ထုတ်ထားပါသေးတယ်။ “တိုင်းကျိုးပြည်ပြု ဆောင်ရွက်ကြရာမှာ ကိုယ်လိုချင်တာကိုပဲ ရအောင်ယူပြီး ကိုယ်မလိုချင်တာ ကိုယ့်ကို ထိမယ့်ရှမယ့်ဟာဆိုရင် ပြည်သူတို့၏ ရပိုင်ခွင့်ပင် ဖြစ်လင့်ကစား ပစ်ပယ်ထားတာဟာလည်း သမိုင်းမလှဘူးလို့ ထင်မိပါတယ်။ နောက်ပြီး ဥပဒေကြမ်း ရေးဆွဲပေးဖို့ တာဝန်ရှိတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ အပေါ် ရည်ရွယ်ချက်ရှိရှိ ဝေဖန် တိုက်ခိုက်နေကြတာတွေလည်း မကြာခဏ တွေ့နေရပါတယ်။ ကျေးဇူးရှိတဲ့ နိုင်ငံသူ၊ နိုင်ငံသား မဲဆန္ဒရှင်များရဲ့ ရပိုင်ခွင့် အခွင့်အရေး ပေးကိုပေးရမယ် ဆိုတဲ့ သူ့ရဲ့စေတနာနဲ့ ရေးဆွဲ တင်သွင်းတဲ့ ဥပဒေကြမ်းကို ဘယ်သူက ရပ်ထားတာလဲ။ ဘယ်သူတွေက ပိတ်ပင်ထားတာလဲ။” အစိုးရသတင်းစာမှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် ရန်ကင်းဆိုသူဟာ ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း ဖွဲ့စည်းပုံပါ ပုဒ်မ ၆၄ ကြောင့် သမ္မတ၊ ဒုသမ္မတတွေနဲ့ အစိုးရတဖွဲ့လုံးဟာ ပါတီတာဝန်ထမ်းဆောင်ခွင့်မရှိလို့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့် မရှိ ဖြစ်နေတာကို ထောက်ပြဝေဖန် ရေးသားခဲ့ပါသေးတယ်။ သူ အဲ့ဒီလို ထောက်ပြဝေဖန်ရေးသားခဲ့တဲ့ ပုဒ်မ ၆၄ ကို အခု ပြင်ဆင်မယ့်ဥပဒေကြမ်းမှာ ပယ်ဖျက်ထားတာ တွေ့ရပါတယ်။ အန်အယ်လ်ဒီပါတီရဲ့ ပုသိမ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကတော့ ဝေဖန်ပိုင်ခွင့် ရှိတယ်လို့ သုံးသပ်ပြောပါတယ်။ “ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး ၃ ရပ်မှာ အပြန်အလှန် ထိန်းကျောင်းမှု ရှိတယ်ဆိုတဲ့ check and balance အရ လုပ်တယ်ဆိုရင်တော့ လုပ်နိုင်ပါတယ်။ လွှတ်တော်ကို ဝေဖန်လည်း ဝေဖန်ပေါ့၊ ဒါက သူတို့အမြင်ပေါ့။ သူ့အခွင့်အရေး ကိုယ့်အခွင့်အရေး ရှိတာပဲလေ။”
6 years Ago
Up