အုတ်ဖိုမြို့နယ်

A d v e r t i s e m e n t With Us

December 9, 2020

အုတ်ဖိုမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၅ ဦး တွေ့ရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင် ၁ ဦး အပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၅ ဦး ထပ်မံတွေ့ရှိတယ်လို့ အုတ်ဖိုကျန်းမာရေးဦးစီးဌာနရဲ့ ဒီဇင်ဘာ ၈ ရက်နေ့ ည‌က ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့က ဓာတ်ခွဲနမူနာ ၁၂၅ ခု ပေးပို့စစ်ဆေးရာမှာ ရဲတပ်ဖွဲ့ဝင် ၁ ဦးနဲ့ ရန်ကုန်ပြန် ၄ ဦးတို့မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာလို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ လော့ဒေါင်းချထားတဲ့ အုတ်ဖိုမြို့နယ်၊ အေးမြသာယာနယ်မြေ ရဲစခန်းဝင်းမှာ RDT Test Kit နဲ့ စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဓာတ်ခွဲနမူနာယူပြီး ပေးပို့စစ်ဆေးရာမှ ရဲတပ်ဖွဲ့ဝင် ၁ ဦး ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးအေးမင်းထွန်းက ပြောပါတယ်။ ဒီဇင်ဘာ ၈ ရက်နေ့အထိ အေးမြသာယာနယ်မြေ ရဲစခန်းဝင်းအတွင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ရဲတပ်ဖွဲ့ဝင် ၁၀ဦး၊ အချုပ်သား ၃ ဦးနဲ့ မိသားစုဝင် ၁ ဦးတို့ ရှိပြီလို့ သိရပါတယ်။ အုတ်ဖိုမြို့နယ်မှာ ဒီဇင်ဘာ ၈ ရက်နေ့အထိ အတည်ပြုလူနာ ၁၃၇ ဦးထိ ရှိလာပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၁၀၆ ဦးနဲ့ ဆေးကုသပေးနေသူ ၃၁ ဦး ရှိတယ်လို့ သိရပါတယ်။ သတင်း - သက်နိုင်ဝင်း
3 months Ago

December 2, 2020

အုတ်ဖိုမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦးနှင့် မိသားစုဝင် ၁ ဦးတို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အေးမြသာယာနယ်မြေရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင် တစ်ဦးနဲ့ မိသားစုဝင် တစ်ဦးတို့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ အုတ်ဖိုကျန်းမာရေးဦးစီးဌာနရဲ့ ဒီဇင်ဘာ ၁ ရက်နေ့ ည‌နေ ထုတ်ပြန်ချက်အရ သိရပါတယ်။ အုတ်ဖိုမြို့နယ်မှာ ဒေသခံ ၅၃ ဦးကို အမြန်စစ်ကိရိယာ RDT Test Kit နဲ့ စစ်ဆေးရာမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးနဲ့ မိသားစုဝင် တစ်ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ အခုပိုးတွေ့တဲ့ ရဲတပ်ဖွဲ့ဝင်ဟာ အရင်က စခန်းအတွင်းရှိ အတည်ပြုလူနာတွေနဲ့ ထိ‌တွေ့မှုရှိတာကြောင့် နိုဝင်ဘာ ၂၉ ရက်နေ့က RDT Test kit ဖြစ်စစ်ဆေးရာ ရောဂါပိုးမတွေ့ရှိပဲ ၃၀ ရက်နေ့မှာ ဖျားနာ ချောင်းဆိုးလာတဲ့အတွက် ဒီနေ့စစ်ဆေးရာ ရောဂါပိုး တွေ့ရှိခဲ့တာလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးအေးမင်းထွန်းက ပြောပါတယ်။ RDT Test Kit နဲ့ စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရှိသူတွေကိုလည်း ဓာတ်ခွဲနမူနာယူပြီး ပေးပို့ စစ်ဆေးသွားဖို့ရှိတယ်လို့  ဦးအေးမင်းထွန်းက ပြောပါတယ်။ အုတ်ဖိုမြို့နယ် အေးမြသာယာနယ်မြေရဲစခန်းဝန်းမှာ ဒီဇင်ဘာ ၁ ရက်နေ့ထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ရဲတပ်ဖွဲ့ဝင် ၈ ဦး၊ အချုပ်သား ၃ ဦးနဲ့ မိသားစုဝင် ၁ ဦး ရှိတယ်လို့သိရပါတယ်။ အုတ်ဖိုမြို့နယ်မှာ ဒီဇင်ဘာ ၁ ရက်နေ့အထိ အတည်ပြုလူနာ ပေါင်း ၁၁၇ ဦးထိရှိလာပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၈၅ ဦး၊ ဆေးကုသပေးနေသူ ၃၂ ဦး ရှိတယ်လို့ သိရပါတယ်။ သတင်း - သက်နိုင်ဝင်း
3 months Ago
More News
Up