အုတ်ဂူများ

October 9, 2019

မက္ကဆီကို အကျဉ်းထောင်အတွင်း ပျောက်ဆုံးအကျဉ်းသား အုတ်ဂူများ ရှာဖွေ 

မက္ကဆီကိုမြောက်ပိုင်းက နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အကျဉ်းထောင်တခုမှာ ပျောက်ဆုံးနေတဲ့ အကျဉ်းသားတွေရဲ့ အုတ်ဂူတွေနဲ့ ပတ်သက်လို့ အောက်တိုဘာ ၈ ရက်နေ့မှာ အာဏာပိုင်တွေက ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ မွန်ထရီယယ်မြို့ တိုပိုချီကို အကျဉ်းထောင်အတွင်းမှာ ပျောက်ဆုံးနေတဲ့ အကျဉ်းသားတွေရဲ့ မိသားစုတွေက တောင်းဆိုချက်အရ အခုလို ရှာဖွေစစ်ဆေးရတာလို့  နျူဗိုလီယွန်ပြည်နယ် အစိုးရက ပြောပါတယ်။ အနံ့ခံခွေးတွေနဲ့ ရှာဖွေရေးအဖွဲ့၊ မှုခင်းအထူးကျွမ်းကျင်အဖွဲ့အပြင် မြေအောက်ရှာဖွေရေး ရေဒါတွေသုံးပြီး အကျဉ်းထောင်ရဲ့ မြေအောက်ကို ရှာဖွေခဲ့ကြတာပါ။ မနေ့ကရှာဖွေမှုအတွင်း အလောင်းတလောင်းမှ မတွေ့ခဲ့ရပေမယ့် ရှာဖွေရေးလုပ်ငန်းစဉ် ထပ်ချဲ့ဖို့ စီစဉ်နေတယ်လို့ ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။
2 years Ago
Up