ပင်လယ်ပြင်မှာ သီတင်းနှစ်ပတ်ကြာ သောင်တင်နေတဲ့ Ocean Viking သင်္ဘောပေါ်က ရွှေ့ပြောင်းလာသူ ၃၅၆ ယောက်ကို အီးယူ ၆ နိုင်ငံက ခွဲဝေလက်ခံမယ်လို့ အီးယူအရာရှိတဦးက သြဂုတ် ၂၃ ရက်နေ့က ပြောပါတယ်။
အဲဒီ နော်ဝေအလံလွှင့်သင်္ဘောကို ဆိုက်ကမ်းကပ်ခွင့်ပြုပြီး သင်္ဘောပေါ်က ရွှေ့ပြောင်းလာသူတွေကို ကမ်းပေါ် ဆင်းခွင့်ပြုတဲ့ မော်လ်တာနိုင်ငံကိုလည်း အီးယူအရာရှိက ချီးကျူးလိုက်ပါတယ်။
အဲဒီရွှေ့ပြောင်းလာသူတွေကို ပြင်သစ်၊ ဂျာမနီ၊ ရိုမေးနီးယား၊ လူဇင်ဘာ့ဂ်၊ ပေါ်တူဂီနဲ့ အိုင်ယာလန်တို့က လက်ခံသွားမှာပါ။
သဘောေါ်မှာ ဆူဒန်နိုင်ငံက အာဖရိကန် အများစုပါဝင်ပြီး ကလေး အရေအတွက် ၁၀၀ ကျော် ပါဝင်ပါတယ်။ သူတို့ထဲက အယောက် ၉၀ ဝန်းကျင်ဟာ အုပ်ထိန်းသူ မပါသလို ၅ နှစ်အောက် ကလေး ၃ ယောက် ပါဝင်တယ်လို့ (MSF) အန်ဂျီအိုအဖွဲ့အစည်းက ဆိုပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ရွှေ့ပြောင်းလာသူ ၃၅၆ ယောက်ကို အီးယူ ၆ နိုင်ငံ ခွဲဝေလက်ခံမည်
2 years Ago