အီးယူနှင့်ဗြိတိန်

A d v e r t i s e m e n t With Us

June 4, 2020

အီတလီတွင် လော့ဒေါင်းဖြေလျှော့၊ အီးယူနှင့်ဗြိတိန်နိုင်ငံတို့မှ ခရီးသည်များကို ပြန်ဝင်ခွင့်ပြု 

အီတလီမှာ ဇွန်လ ၃ ရက်ကစလို့ လော့ဒေါင်းစည်းမျဉ်းတွေ ဖြေလျှော့ပေးပြီးနောက်  ပြည်သူတွေဟာ နိုင်ငံတွင်းမှာ လွတ်လပ်စွာ သွားလာခွင့်ရနေကြပြီ ဖြစ်ပါတယ်။ ဒါ့အပြင်  ဥရောပသမဂ္ဂအီးယူအတွင်းနိုင်ငံတွေက ခရီးသည်တွေရော ဗြိတိန်က ခရီး သည်တွေကိုပါ ကွာရင်တင်း ၁၄ ရက် ဝင်စရာမလိုဘဲ  နိုင်ငံတွင်း ဝင်ခွင့်ပြန်ပြု ပေးလိုက်ပါတယ်။ ဇွန် ၃ ရက်နေ့ကစလို့ အီတလီမှာ အဓိက ရထားဘူတာရုံတွေ၊ လေဆိပ်တွေနဲ့ ကားဂိတ်တွေမှာ ခရီးသည်တွေ သွားလာမှုနှုန်း ပိုများလာပါတယ်။  အီတလီ မီးရထားဝန်ကြီးဌာနကလည်း အဝေးပြေးရထားအစီး ၈၀ နဲ့ မြို့ပတ်ရထား ၃၈ စီးကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးထားပါတယ်။  အီတာလီအစိုးရရဲ့ လက်ရှိသတ်မှတ်ချက်အရ လူတွေဟာ အများပြည်သူ စုရုံးရာနေရာတွေမှာ မက်စ်တွေ တပ်ထားရမှာဖြစ်ပြီး ကိုယ်အပူချိန်လည်း တိုင်းရမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
9 months Ago
Up