အမေရိကန်နိုင်ငံမှာ Mentholနဲ့ဆေးရွက်ကြီးအရသာတွေကလွဲလို့ တခြားအရသာနဲ့တွဲ စပ်ထားတဲ့ အီးစီးကရက်တွေကို ရောင်းချမှု ပိတ်ပင်တော့မယ်လို့ ထရမ့်အစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ကျန်းမာရေးဝန်ကြီး အဲလက်အဇာက “လူငယ်တွေကြားမှာ အခုဖြစ်နေတဲ့ အီးစီးကရက်အသုံးပြုမှုလို မြန်မြန်ဆန်ဆန်မြင့်တက်လာတဲ့ အရာဝတ္တု အသုံးပြုမျိုးကို အမေရိ ကန်နိုင်ငံမှာ အရင်က မတွေ့ခဲ့ဖူးပါဘူး” လို့ ပြောပါတယ်။
ဒီပိတ်ပင်မှုကို ရက် ၃၀ အတွင်းမှာ စတင်တော့မှာဖြစ်ပြီး ဒီပြောင်းလဲမှုနဲ့ ပတ်သက်လို့ FDA ဘက်ကလည်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
“ဒီလုပ်ဆောင်ချက်ဟာ တားမြစ်ချက်သက်သက်မဟုတ်ဘဲ ဆေးရွက်ကြီးနဲ့ သက်ဆိုင်တဲ့ ထုတ်ကုန်တွေအသုံးပြုခြင်းကို တားမြစ်ခြင်းဆိုင်ရာ အေဂျင်စီရဲ့ ဦးစားပေးလုပ်ငန်း ဆောင်ရွက်ခြင်းနဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေကို ထိန်းချုပ်ရေးဆောင်ရွက်ချက် တခု ဖြစ်တယ်” လို့ဖော်ပြထားပါတယ်။
ဒီတားမြစ်ချက်မှာ vape ဆိုင်တွေမှာ ရရှိနိုင်တဲ့ အရည်ဖြည့်လို့ရတဲ့ အရသာတွေတော့ပါဝင်မှာမဟုတ်ပါဘူး။
Juul လိုမျိုး အီးစီးကရက်ကိရိယာတွေမှာအသုံးပြုလေ့ရှိတဲ့ cartridges တွေကိုသာ တားမြစ်တာဖြစ်ပြီး အရည်ပြန်ဖြည့်ဖို့ လှောင်ကန်ပါဝင်တဲ့ ကိရိယာတွေကိုတော့ တား မြစ်မှာမဟုတ်ပါဘူး။
အရသာပါတဲ့ အီးစီးကရက်တချို့ကို တားမြစ်လိုက်ခြင်းဟာ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်က ပြီးခဲ့တဲ့ စက်တင်ဘာအစောပိုင်းမှာပြောဆိုခဲ့တဲ့ အရသာပါဝင်တဲ့ vape တွေကို တား မြစ်မယ်ဆိုတဲ့ စကားအတိုင်းဆောင်ရွက်ချက်ပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့လမှာလဲ ထရမ့်ဟာ အီးစီးကရက်နဲ့ ရိုးရိုးစီးကရက်တွေဝယ်ယူ နိုင်တဲ့အ သက် အရွယ်အပိုင်းကို တစ်နိုင်ငုံးအတိုင်းအတာနဲ့ အသက် ၁၈ နှစ်ကနေ ၂၁ နှစ်အထိတိုးမြှင့်လိုက်ပါ တယ်။
ဒီတိုးမြှင့်မှုမှာ တားမြစ်မယ့် အီးစီးကရက်တင်မဟုတ်ဘဲ တားမြစ်မှုမှာပါဝင်တဲ့ အီးစီးကရက်ဝယ်ယူမှုလည်း ပါဝင်ခဲ့ပါတယ်။
“ကျနော်တို့ဟာ ကျနော်တို့မိသားစုတွေ၊ ကလေးသူငယ်တွေအပြင် ကျနော်တို့ရဲ့စီး ပွားရေးလုပ်ငန်းတွေကိုပါ ကာကွယ်ပေးသွားမှာပါ။ ဒီကိစ္စကြောင့် လူတွေသေဆုံးနေရပါတယ်” လို့ ဒေါ်နယ်ထရမ့်က နှစ်သစ်ကူးအခါသမယမှာပြောဆိုခဲ့ပါတယ်။
ဒီလိုမျိုး အီးစီးကရက်အသုံးပြုခြင်းကို တစိတ်တဒေသ တားမြစ်ခြင်းဟာ အမေရိကန်လူ ငယ်တွေကြားထဲ အီးစီးကရက် အသုံးပြုမှုမြင့်တက်လာပြီး စိုးရိမ်မှုတွေ ရှိလာချိန်မှာ ပေါ်ထွက်လာတာပဲဖြစ်ပါတယ်။
နိုဝင်ဘာလမှလုပ်ခဲ့တဲ့ စစ်တမ်းတခုအရ အမေရိကန်နိုင်ငံမှာရှိတဲ့ အထက်တန်း ကျောင်းသားတွေဟာ အီးစီးကရက်သုံးစွဲနေကြတယ်လို့ သိရပါတယ်။
ဒါဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ဆယ်ကျော်သက်အရွယ်လူငယ် ၅ သန်းကျော်က သုံးစွဲ နေတဲ့အနေအထားဖြစ်ပါတယ်။
ဒါဟာပြီးခဲ့တဲ့နှစ်ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သုံးစွဲသူအရေအတွက် သိသိသာသာ မြင့်တက်လာ တာဖြစ်ပြီး အထက်တန်းကျောင်းသားတွေထဲမှာ သုံးစွဲမှုအများဆုံးက mint အရသာဖြစ် တယ်လို့လည်း စစ်တမ်းမှာတွေ့ခဲ့ရပါတယ်။
1 year Ago