အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းက ရော့ခ်ဂီတ၀ိုင်း တခုဖြစ်တဲ့ အီးဂဲလ်စ် ဘန်းဒ် (Eagles Band) ရဲ့ ဂစ်တာသမား ဂလန်း ဖရေး (Glenn Frey) ဟာ ဇန်န၀ါရီ ၁၈ ရက်နေ့က ကွယ်လွန်သွားပါတယ်။
နယူးယောက်မြို့မှာ အဆစ်အမြစ်ရောင်ရောဂါ၊ အဆုတ်ရောင်ရောဂါနဲ့ အူမရောင်နာ ရောဂါစုံပြီး ကွယ်လွန်သွားခဲ့တာပါ။
အီးဂဲလ်စ်ဘန်းဒ်ကို ၁၉၇၁ ခုနှစ်က တွဲဖက်ထူထောင်ခဲ့ပြီး ၁၉၇၀ နှစ်တွေအတွင်း အအောင်မြင်ဆုံး အမေရိကန် ရော့ခ်ဂီတ၀ိုင်းတခု ဖြစ်ခဲ့တာပါ။
အီးဂဲလ်စ်ရဲ့ အကျော်ကြားဆုံး သီချင်းတပုဒ်ဖြစ်တဲ့ ဟိုတယ်ကယ်လီဖိုးနီးယား (Hotel California) သီချင်းကို အီးဂဲလ်စ် ဒရမ်မာလည်းဖြစ်တဲ့ အဆိုကျော် ဟန်လေ (Henley) နဲ့ တွဲဖက်ရေးသားခဲ့ပါတယ်။
ဂလန်း ဖရေး ရေးသားခဲ့တဲ့ Heartache Tonight သီချင်းနဲ့ Lying Eyes သီချင်းတွေက ကျော်ကြားခဲ့ပါတယ်။
ကမ္ဘာတ၀န်း အီးဂဲလ်စ်က ထွက်ရှိတဲ့ သီချင်းအယ်ဘမ်အချပ်ရေ သန်း ၁၅၀ ကျော် ရောင်းချခဲ့ရပြီး ဟိုတယ်ကယ်လီဖိုးနီးယားနဲ့ တခြား သီချင်းတွေဟာ အမေရိကန် တေးဂီတသမိုင်းမှာ အရောင်းရဆုံး တေးသီချင်းတွေ ဖြစ်ခဲ့ပါတယ်။
7 years Ago