အီလောင်အဲမီးတောင်

May 17, 2018

အီလောင်အဲမီးတောင် ချော်ရည်များကြောင့် အိမ်ရာနှင့်စိုက်ခင်းများ ပျက်စီး

ဟာဝိုင်အီကျွန်းက အီလောင်အဲ မီးတောင်ရဲ့ အကြီးစားမြေအက်ကြောင်း ၂၁ ခုက ချော်ရည်တွေဟာ အိမ်ရာတွေနဲ့ စိုက်ခင်းတွေကို ပျက်စီးစေခဲ့တယ်လို့ ရိုက်တာသတင်းမှာေ ဖ်ာပြပါတယ်။ အဲဒီချော်ရည်တွေဟာ ကမ်းခြေဒေသတွေကိုသွားတဲ့ အဝေးပြေးလမ်းမ ၂ ခုကိုလည်း ပျက်စီးစေနိုင်တဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။ မေ ၁၆ ရက်နေ့တုန်းကလည်း အက်ကြောင်း တော်တော်များများကနေ ချော်ရည်တွေ လေထဲပန်းထွက်ခဲ့ပြီး ချော်ရည်စီးကြောင်းတခုဖြစ်ခဲ့တယ်လို့ ဟာဝိုင်အီ အရပ်ဘက်ကာကွယ်ရေးရုံးက ပြောပါတယ်။ တနေ့တည်းမှာပဲ မီးတောင်ကနေ ကျောက်တုံးတွေ လွင့်ထွက်ခဲ့ပါတယ်။ ဒီအခြေအနေကြောင့် မီးတောင်ပြာမှုန့်တွေ ထွက်တာနဲ့ မိုင်နဲ့ချီ အကွာအဝေးအထိရောက်တဲ့ ကျောက်တုံးအသေးစားတွေ လွင့်ကျတာတွေ ဖြစ်နိုင်တယ်လို့ အမေရိကန်ဘူမိဗေဒ လေ့လာရေးအဖွဲ့က ပြောပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူ မရှိသေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
3 years Ago
Up