အီကွေဒေါ - ဥရုဂွေး

A d v e r t i s e m e n t With Us

November 13, 2015

အီကွေဒေါ ၂- ၁ ဥရုဂွေး (ရုပ်သံ)

၂၀၁၈ တောင်အမေရိကဇုန် ကမ္ဘာဖလား ခြေစစ်ပွဲမှာ အီကွေဒေါက ဥရုဂွေးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ပထမပိုင်း ၂၃ မိနစ်မှာ အီကွေဒေါအသင်းက ဦးဆောင်ဂိုး သွင်းယူခဲ့တဲ့အတွက် ပထမပိုင်းမှာ အီကွေဒေါအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၄၉ မိနစ်မှာ ဥရုဂွေးအသင်းက ချေပဂိုးသွင်းယူသွားတဲ့ အတွက် ၁ ဂိုးစီသရေကျခဲ့ပါတယ်။ ဒုတိယပိုင်း ၅၉ မိနစ်မှာ အီကွေဒေါအသင်းက နောက်ထပ် ၁ ဂိုး ထပ်မံသွင်းယူသွားတဲ့ အတွက် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားတာဖြစ်ပါတယ်။ အီကွေဒေါကတော့ ၃ ပွဲကစား ၃ ပွဲနိုင် ၉ မှတ်နဲ့ တောင်အမေရိက ကမ္ဘာဖလား ခြေစစ်ပွဲ အမှတ်ပေး ဇယားမှာ ဦးဆောင်နေသလို ဥရုဂွေးက ၃ ပွဲကစား ၂ ပွဲနိုင် ၆ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
5 years Ago
Up