အီကွေဒေါနိုင်ငံ

July 19, 2019

အီကွေဒေါနိုင်ငံတွင် တရုတ်ကုမ္ပဏီက ကြေးနီးများ စတင်ထုတ်လုပ်

အီကွေဒေါနိုင်ငံတောင်ပိုင်းမှာ ဇူလိုင် ၁၈ ရက်နေ့က  တရုတ်ကုမ္ပဏီိပိုင် မီရာဒေါ အကြီးစား သတ္တုတွင်း ပရောဂျက်ကနေ ကြေးနီတွေကို စတင်ထုတ်လုပ်နေပါတယ်။ ဒါဟာ  သမ္မတ မိုရန်နိုရဲ့ သတ္တုတွင်း ကဏ္ဍတိုးတက်ရေး ကြိုးပမ်းမှုနဲ့ နိုင်ငံရဲ့ ရေနံအပေါ် မှီခိုနေရမှုကို လျှော့ချတဲ့ သမိုင်းမှတ်တိုင်တခု ဖြစ်ပါတယ်။ အီကွေဒေါဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး ကြေးနီထုတ်လုပ်ရာ ပီရူးနဲ့ အိမ်နီးချင်း နိုင်ငံတခု ဖြစ်ပါတယ်။ အီကွေဒေါနိုင်ငံမှာ သတ္တုရင်းမြစ် အများအပြားရှိပေမယ့် အကြီးစားသတ္တုတွင်း ပရောဂျက်တွေကို အခုမှ စလုပ်နေတာပါ။ မီရာဒေါ သတ္တုတွင်း ပရောဂျက်မှာ ခန့်မှန်း ကြေးနီတန်ချိန် ၃ ဒသမ ၂ သန်း၊ ရွှေအောင်စ ၃ ဒသမ ၄ သန်း နဲ့ ငွေအောင်စ ၂၇ ဒသမ ၁ သန်းတို့ ပါဝင်ပါတယ်။ လုပ်ငန်းလုပ်ကိုင်တဲ့ အက်ကွာကော်ရီရန်းတဲကုမ္ပဏီက ဒီပရောဂျက်ကနေ တနှစ်ကို ကြေးနီသတ္တုရိုင်း တန်ချိန် ၉၄,၀၀၀ ထုတ်လုပ်ဖို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ ဒီပရောဂျက်အတွက် ကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြိး သတ္တုတူးဖော်ခွင့်အတွက် အီကွေဒေါအစိုးရကို အမေရိကန်ဒေါ်လာ ၈၅ သန်း ပေးထားတယ်လို့ တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။
3 years Ago
Up