အီကွေဒေါငလျင် ပိတ်မိ လူ ၇ ဦးကို ကယ်တင်ခဲ့သည့် ခွေးကလေး အပူရှပ် သေဆုံး

April 27, 2016

အီကွေဒေါငလျင် ပိတ်မိ လူ ၇ ဦးကို ကယ်တင်ခဲ့သည့် ခွေးကလေး အပူရှပ် သေဆုံး

အီကွေဒေါ ငလျင်အတွင်း လူအမြောက်အမြားကို အပျက်အစီးကြားတွေထဲက ကယ်တင်ခဲ့တဲ့ ကယ်ဆယ်ရေး ခွေးကလေးဟာ အပူလျှပ်ပြီး သေဆုံးသွားပါတယ်။ အရင်တပတ်က အီကွေဒေါမှာ ရစ်ချစတာ ပြင်းအား ၇.၈ ရှိတဲ့ ငလျင်ကြောင့် လူအနည်းဆုံး ၆၅၅ ဦး သေဆုံးပြီး ၄၈ ဦးအပျက်အစီးအကြားထဲမှာ ပိတ်မိခဲ့ပါတယ်။ ၄ နှစ်အရွယ် ခွေးကလေး ဒေကိုကလည်း ကယ်ဆယ်ရေးသမားတွေနဲ့အတူ ပိတ်မိနေတဲ့သူ ၇ ဦးကို ကယ်တင်ခဲ့ပါတယ်။ အပျက်အစီးကြားမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ကိုင်ရင်း ဧပြီ ၂၂ ရက်မှာတော့ အပူရှပ် သေဆုံးသွားတယ်လို့ အီဘာရာ မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။ ဒေကိုကို ဆုံးရှုံးရတဲ့အတွက် ၀မ်းနည်းမိသလို တာဝန်အတွက် အသက်ပေးသွားတယ်လို့လည်း မီးသတ်ဌာနက ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ အီဘာရာ မီးသတ်ဌာနမှာဒေကိုက ၂ နှစ်ခွဲနီးပါး အလုပ်လုပ်ခဲ့ဖူးပါတယ်။    
6 years Ago
Up