အီကွေဒေါအနေနဲ့ ဝီကီလိခ်တည်ထောင်သူ ဂျူလီယန် အက်ဆန်ကို လိုအပ်ရင် စုံစမ်းသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၈ ရက်နေ့မှာ ပြောကြားပါတယ်။
အီကွေဒေါသမ္မတ လီနင်မိုရန်နိုရဲ့ ပုဂ္ဂိုလ်ရေး အကြောင်းအရာတွေ ဖွင့်ချခဲ့တယ်လို့ဆိုတဲ့ ဂျူလီယန် အက်ဆန်ဟာ နိုင်ငံအတွင်းရှိ လန်ဒန်သံရုံးမှာ ခိုလှုံနေတာ ၇ နှစ်နီးပါး ရှိပါပြီ။
အီကွေဒေါသမ္မတက အက်ဆန်ဟာ ခိုလှုံခွင့်တောင်းခံရေး စည်းကမ်းချက်တွေ ချိုးဖောက်ခဲ့တယ်လို့ ပြောကြားခဲ့ပေမယ့် အီကွေဒေါအနေနဲ့ အက်ဆန်ကို သံရုံးကနေ နှင်ထုတ်ဖို့ လောလောဆယ် အစီအစဉ် မရှိသေးပါဘူး။
အီကွေဒေါ နိုင်ငံခြားရေးဝန်ကြီး ဟိုဆေး ဗယ်လင်စီယာက “စုံစမ်းရေးပြုလုပ်ခွင့်ကို အီကွေဒေါအနေနဲ့ အရန်အဖြစ် ထားပါတယ်။ ခိုလှုံခွင့်ပေးတာဟာ အီကွေဒေါ အချုပ်အခြာအရ ပေးအပ်တဲ့ အခွင့်အရေးပါ။ အီကွေဒေါအနေနဲ့ ဒီ သံတမန်ခိုလှုံခွင့်ကို ပေးအပ်နိုင်စွမ်း၊ သုံးသပ်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့်မို့ သက်ဆိုင်မယ်ထင်ရင် စုံစမ်းရေးလုပ်နိုင်ပါတယ်။ အဲဒီစုံစမ်းရေးဟာ ကုလအထူးစုံစမ်းရေး အစီရင်ခံစာ တင်သွင်းသူ လုပ်တဲ့ စုံစမ်းရေးကနေ အမှီအခိုကင်းမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဆက်လက်ပြီး သူက “ကျေန်ာတို့ စုံစမ်းဖော်ထုတ်ချင်တာ အဲဒါပါပဲ။ အက်ဆန်ဟာ အင်တာနက် အသုံးပြုခွင့် ရကောင်းရနိုင်တယ်ဆိုတဲ့ သတင်းတွေ ရထားပါတယ်။ အဲဒါကို စုံစမ်းရေးပြုလုပ်ပြီး တိတိကျကျ ဖော်ထုတ်သွားမှာပါ။ အီကွေဒေါအစိုးရက သူ့ကို အင်တာနက် အသုံးပြုခွင့် ပေးခဲ့တယ်ဆိုတာ မှန်ပါတယ်။ သူ့မိသားစုနဲ့ ဆက်သွယ်ခွင့်ရအောင်၊ ပုဂ္ဂိုလ်ရေး အဆက်အသွယ် လုပ်လို့ရအောင် Wi-Fi အသုံးပြုခွင့် ပေးခဲ့ပါတယ်။ အီကွေဒေါဟာ အက်ဆန်ကို လူသားဆန်တဲ့ အကူအညီတွေ အများကြီး ပေးခဲ့ပါတယ်။ သူက အဲဒီလို Wi-Fi နက်ဝါ့ခ် သုံးခွင့်ပေးတာကို လက်မခံခဲ့ပါဘူး။ သူ့မှာလည်း သူ့အကြောင်းနဲ့သူ ရှိမှာပါ။ ဒါကြောင့်ပဲ အီကွေဒေါအစိုးရက အက်ဆန်ကို ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ခွင့် တားမြစ်ထားတယ်လို့ ပြောနေတာကို ကျေန်ာတို့ နားမလည်တာပါ။ အဲဒါဟာ အမှန်မဟုတ်ပါဘူး” လို့ ဆိုပါတယ်။
ဝီကီလိခ်တည်ထောင်သူ ဂျူလီယန် အက်ဆန်က အီကွေဒေါအစိုးရဟာ သူနဲ့ ဝီကီလိခ်ကို အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေ ပြုလုပ်ပြီး သူ့ရဲ့ နိုင်ငံရေးခိုလှုံခွင့်ကို အဆုံးသတ်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောခဲ့ပါတယ်။
2 years Ago