အီဟီနာချို

August 2, 2017

မန်စီးတီးလူငယ်တိုက်စစ်မှူး အီဟီနာချိုကို လက်စတာ ခေါ်ယူ

လက်စတာအသင်းဟာ မန်စီးတီးလူငယ်တိုက်စစ်မှူး အီဟီနာချိုကို ပေါင် ၂၅ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၂၀ အရွယ် နိုင်ဂျီးရီးယားကစားသမား အီဟီနာချိုဟာ အလားအလာရှိတဲ့ လူငယ်ကြယ်ပွင့်ကစားသမားတဦးအဖြစ် သတ်မှတ်ခံထားရပြီး မန်စီးတီးမှာ ပွဲထွက်ခွင့် မသေချာတာကြောင့် အသင်းပြောင်းရွှေ့ခဲ့တာပါ။ အီဟီနာချိုဟာ သြဂုတ် ၁ ရက်နေ့က လက်စတာအသင်းနဲ့ ဆေးစစ်မှုခံယူခဲ့ပြီး တရားဝင်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အီဟီနာချိုကို အပြီးသတ်ရောင်းချလိုက်ပေမယ့် ပြန်ခေါ်ချင်တဲ့ အချိန်မှာ ပေါင်သန်း ၅၀ နဲ့ ခေါ်ယူနိုင်တဲ့ သဘောတူညီချက်တခုလည်း စာချုပ်မှာ ပါဝင်ပါတယ်။ အီဟီနာချိုဟာ ၂၀၁၅ ခုနှစ်မှာ မန်စီးတီးအသင်းကြီးဆီ ရောက်ရှိလာပြီး လူစားဝင်ကစားသမားအဖြစ်သာ ကစားခဲ့ရပေမယ့် ပြိုင်ပွဲစုံမှာ ၂၁ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။
4 years Ago
Up