ဆူဒန်နိုင်ငံရေးအကျပ်အတည်းကို ကြားဝင်ဖြန်ဖြေဖို့ ကြိုးပမ်းမှုအဖြစ် ဇွန်လ ၇ ရက်နေ့က အီသီယိုးပီးယားဝန်ကြီးချုပ်ဟာ ခါတွန်မြို့ကို ရောက်လာခဲ့ပါတယ်။
အီသီယိုးပီးယား ၀န်ကြီးချုပ်ဟာ စစ်ဘက်အသွင်ကူးပြောင်းရေးကောင်စီ (TMC ) နဲ့ ရော အတိုက်အခံမဟာမိတ်နဲ့ပါ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သံတမန် သတင်းရင်းမြစ်တခုက ဆိုပါတယ်။
ဆူဒန်နိုင်ငံမှာ ဧပြီလတုန်းက သမ္မတ အိုမာ အယ်ဘာရှားကို ဖြုတ်ချပြီးနောက်မှာ စစ်ဘက်က အုပ်ချုပ်ရေးတာဝန်ကို ယာယီလွှဲပြောင်းယူခဲ့ပါတယ်။
အတိုက်အခံတွေက အရပ်သားအစိုးရကို အာဏာလွှဲပေးရေးတောင်းဆိုခဲ့ပြီး ဆန္ဒပြသူတွေကလည်း ဆူဒန်ကာကွယ်ရေး ၀န်ကြီးဌာနရှေ့မှာ ပိတ်ဆို့ဆန္ဒပြခဲ့ပါတယ်။
ဇွန် ၃ ရက်နေ့မှာတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို အားသုံးဖြိုခွင်းခဲ့ပြီး လုံခြုံရေးတ်ပ်ဖွဲ့ဝင် ၃ ယောက်အပါအ၀င် ၆၁ ယောက် သေဆုံးတယ်လို့ ဆူဒန်အစိုးရက ပြောကြားပါတယ်။
အတိုက်အခံအဖွဲ့ကတော့ အဲဒီဖြိုခွင်းမှုကြောင့် ၁၀၈ ယောက် သေဆုံးခဲ့တယ်ဆိုပြီး ပြောခဲ့ပါတယ်။
2 years Ago