ဆူဒန်နိုင်ငံထဲ ရောက်ရှိနေတဲ့ အီသီယိုးပီးယား ဒုက္ခသည် သုံးသောင်းကျော်အတွက် ကုလသမဂ္ဂက လူသားချင်စာနာတဲ့ အကူအညီတွေ အမြန်ဆောင်ရွက်နေပါတယ်။
နိုဝင်ဘာလ ၂၀ ရက်က အယ်ခါဒါရစ်ဖ် ပြည်နယ် ဖက်ရှာဂါ ဒုက္ခသည်စခန်းမှာ ကုလသမဂ္ဂက စည်သွပ်ဘူးတွေ၊ စောင်တွေ နဲ့ ရိက္ခာခြောက်တွေကို ပေးပို့ခဲ့ပါတယ်။
လာမယ့် ၆ လမှာ ရောက်လာမယ့် ဒုက္ခသည် ၂ သိန်းစာအတွက် ကုလသမဂ္ဂက စီစဉ်နေပြီး ရိက္ခာတွေကို နယ်စပ် လူထူတဲ့ စုရပ်တွေကန ဆူဒန်နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေဆီ ပို့ဆောင်ပေးနေပါတယ်။
ဒီလအစောပိုင်းကတည်းက အီသီယိုးပီးယားစစ်တပ်ဟာ တီဂရေးသူပုန်တွေကို ထိုးစစ်ဆင်နွှဲနေတာမို့ ဒေသခံ တီဂရေးဒုက္ခသည်တွေဟာ နယ်စပ်ကို ဖြတ်ပြီး ဆူဒန်နိုင်ငံထဲ ဝင်နေကြတာပါ။
ဆူဒန်နိုင်ငံထဲ ပြေးဝင်လာသူ အားလုံးနီးပါးက နယ်စပ်ကို ရောက်နေပြီး တိုက်ပွဲအခြေအနေတွေကို ပြန်ပြောကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago