အီသီယိုးပီးယား

January 15, 2022

တီဂရေးဒေသ လေကြောင်းတိုက်ခိုက်မှု အရပ်သား ၁၀၈ ဦး သေဆုံး

အီသီယိုးပီယားနိုင်ငံ တီဂရေးဒေသမှာ ဇန်နဝါရီအစပိုင်းကတည်းက အစိုးရရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သား ၁၀၈ ယောက် သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (OHCHR) က ထုတ်ပြန်ပါတယ်။

OHCHR အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စလစ်ဇ်သရိုဆဲလ်က “ဒီနှစ်စကတည်းက အီသီယိုပီးယား လေတပ်ရဲ့  တိုက်ခိုက်မှုကြောင့် အရပ်သား အနည်းဆုံး ၁၀၈ ဦး သေဆုံးပြီး ၇၅ ဦး အပြင်းအထန် ဒဏ်ရာရထားပါတယ်” လို့ ဂျာနီဗာမြို့အခြေစိုက် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

5 days Ago

January 12, 2022

တီဂရေးပြည်နယ် လေကြောင်းတိုက်ခိုက်ခံရမှု အတည်မပြုနိုင်သေးဟု ကုလပြော

အီသီယိုပီးယားနိုင်ငံမြောက်ပိုင်း တီဂရေးပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဒေသတွင်းဆက်သွယ်ရေး ပြတ်တောက်နေတာကြောင့် ဇန်နဝါရီ ၁၁ ရက်အထိ အတည်မပြုနိုင်သေးဘူးလို့ ကုလပြောခွင့်ရ စတက်ဖနီဒူဂျာရစ်က သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့က တီဂရေးဒေသအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် မိုင်ဆေဘရီမြို့မှာ အမျိုးသမီးအများစု အပါအဝင် လူ ၁၇ ယောက်ထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့လူတွေ ဒဏ်ရာရတယ်လို့ ကူညီရေးလုပ်သား ၂ ဦးက ဒေသန္တရအာဏာပိုင်တွေနဲ့ မျက်မြင်သက်သေတွေကို ကိုးကားပြီး ရိုက်တာကို ပြောပါတယ်။

1 week Ago
More News
Up