အီသီယိုပီးယားမြောက်ပိုင်း

October 22, 2021

အီသီယိုပီးယားမြောက်ပိုင်းတွင် အစိုးရက သူပုန်များကို လေကြောင်းမှတိုက်ခိုက်

အီသီယိုပီးယားနိုင်ငံမြောက်ပိုင်းက တီဂရေးပြည်နယ်ရဲ့ မြို့တော်မှာ အစိုးရက ဒေသခံသူပုန်တွေ အားနည်းသွားအောင် အောက်တိုဘာ ၂၀ ရက်က တတိယအကြိမ်  လေကြောင်း ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

မေကယ်မြို့လယ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဒေသတွင်း တီဂရေး ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး TPLFက ထိန်းချုပ်ထားတဲ့ တီဂရိုင်းရုပ်သံက ပြောပေမဲ့ သေဆုံး ဒဏ်ရာရမှု ဒါမှမဟုတ် ထိခိုက်ပျက်စီးမှုကိုတော့ အသေးစိတ်ကို မပြောခဲ့ပါဘူး။

အီသီယိုပီးယား အစိုးရကတော့ တီဂရေးသူပုန်တပ်တွေ လက်နက်ပြင်ဆင်တဲ့နေရာတွေ အဆောက်အဦတွေကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

TPLF ဟာ ဒေသခံသာမန်လူတွေကို လူသားဒိုင်းအဖြစ် သုံးနေပြီး ဝတ်ပြုပူဇော်ရာ နေရာတွေမှာ လက်နက်ကြီးတွေ ခဲယမ်းမီးကျောက်တွေကို ဝှက်ထားတယ်လို့ အီသီယိုပီးယား အစိုးရ ပြောခွင့်ရက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတခုဟာ  TPLFကို ထောက်ပံ့နေတယ်လို့ အစိုးရက ယုံကြည်တဲ့ မက်စ်ဖှင် စက်မှုအင်ဂျင်နီယာရင်းပြည်သူ့ကော်ပိုရေးရှင်းပိုင်အကြီးစား စက်ရုံဝင်းကို ပစ်မှတ်ထားခဲ့တယ်လို့ မေကယ်လ်မြို့ခံ မျက်မြင်သက်သေတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ သတင်းရင်းမြစ်တို့က ပြောခဲ့ပါတယ်။

3 months Ago
Up