အီလီနွိုက်ပြည်နယ် ပရိဘောဂ ကုန်လှောင်ရုံတခုတွင် မီးအကြီးအကျယ် လောင်ကျွမ်း

April 22, 2016

အီလီနွိုက်ပြည်နယ် ပရိဘောဂ ကုန်လှောင်ရုံတခုတွင် မီးအကြီးအကျယ် လောင်ကျွမ်း (ရုပ်သံ)

အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် ဝုဒ်ရစ်ခ်ျမြို့က ပရိဘောဂ ကုန်လှောင်ရုံတခုမှာ ဧပြီ ၂၁ ရက်နေ့က မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပါတယ်။ ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ အဆောက်အဦအတွင်း မီးသတိပေး တပ်လှန့်သံ အတော်များများ ပေါ်ထွက်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ပတ်ဝန်းကျင်ဒေသ မီးသတ်ဌာန ၈ ခုက မီးကို ထိန်းချုပ်နိုင်ဖို့ စုပေါင်း အလုပ်လုပ်နေခဲ့တယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။ ထိခိုက်သေဆုံးမှု အစီရင်ခံတာမျိုး မရှိသေးသလို မီးလောင်ရတဲ့ အကြောင်းရင်းကိုလည်း မသိရသေးပါဘူး။
6 years Ago
Up