တောင်ကိုရီးယားအစိုးရက ရောဂါခြေချုပ်နဲ့နေရတဲ့ သံသယလူနာတွေ စည်းမျဉ်းချိုး ဖောက်သလားဆိုတာ စောင့်ကြည့်ဖို့ အီလက်ထရောနစ် လက်ပတ်တွေကို သုံးမယ်လို့ ဧပြီ ၁၁ ရက်က ပြောလိုက်ပါတယ်။
နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ တိုးလာလို့ စိုးရိမ်နေတဲ့အတွက် ခုလို လုပ်တာပါ။
ဘေးကင်းရေးလက်ပတ်လို့ ခေါ်တဲ့ အီလက်ထရောနစ် လက်ပတ်တွေကို စည်းမျဉ်းချိုး ဖောက်သူတွေကို စစ်ဆေးဖို့ သုံးသွားမယ်လို့ တောင်ကိုရီးယားဗဟိုကပ်ဘေး စီမံခန့်ခွဲရေး ဌာနချုပ် ပိုးသတ်ရေးဌာနအရာရှိ ယွန်းတေးဟိုက ပြောပါတယ်။
လှုပ်ရှားမှု အာရုံခံစနစ်ကို ရောဂါခြေချုပ်နဲ့နေသူကို စောင့်ကြည့်တဲ့ လက်ကိုင်ဖုန်း အပလီကေးရှင်းထဲမှာ ထည့်ထားပြီး နေ့တိုင်း ဖုန်းခေါ်ဆိုမယ့်အပြင် ကြားဖောက် ကြုံသလို စစ်ဆေးဦးမှာလို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။
ဧပြီ ၁ ရက်က စပြီး ပြည်ပကနေ ပြန်လာသူတွေဆီက ကူးစက်မှုကို ထိန်းချုပ်ဖို့ နိုင်ငံခြားက ပြန်လာသူ အားလုံး ရောဂါခြေချုပ်ဌာနမှာ ၁၄ရက် နေဖို့ ကန့်သတ်ထားပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ဧပြီ ၁၁ ရက်ထိ အတည်ပြုချက်အရ ဆေးကုသခံယူဆဲ လူနာ ၃၀၂၆ ယောက်ရှိပြီး ၇၂၄၃ယောက်က နေပြန်ကောင်းလာလို့ ရောဂါခြေချုပ်ကနေ ပြန်လွှတ်ပေး လိုက်ပြီ သေဆုံးသူ ၂၁၁ ယောက်ရှိတယ်လို့ ယွန်းက ပြောခဲ့ပါတယ်။
11 months Ago